029ကားက ခမ်းနားတဲ့ Villaတလုံးထဲမောင်းဝင်သွားလေတယ် ။
" သခင်လေး ၊ ပြန်လာပြီ ! "
အသက်ဆယ့်သုံး/လေးနှစ် ရှိပြီဖြစ်တဲ့လူငယ်လေးတဦးပြေးလာပြီး ရိုသေစွာ ကြိုဆိုတယ် ။" အင်း "
" သခင်မကြီး ဘယ်လိုနေလဲ ? "
" ဘာမှမဖြစ်ပါဘူး ၊ ဆရာဝန်က နောက်ထပ်နှစ်ရက်ဆို ဆေးရုံက ဆင်းလို့ရပါပြီတဲ့ "
သခင်လေးက အနောက်ထိုင်ခုံထဲမှာ အိပ်ပျော်နေတဲ့ လျန်ဖုံးကေားလေးကို သတိတရရှိနေတာကြောင့် ကားခါးပတ်ကြိုးကို ဖြုတ်ပြီး အနောက်ကားတံခါးကို လက်သေးသေးဖြင့် ဆွဲဖွင့်ကာ လျန်ဖုံးကေားရဲ့ မျက်နှာနီနီလေးကို လက်ညိုးဖြင့် သွားထိုးကာ
" ဝေ့ လူလိမ်လေး ၊ အမြန်ထလာ ၊ မင်း ဟန်ဆောင်နေတာ ငါသိတယ် ! "လျန်ဖုံးကေားကတော့ မနိုးလာပဲ မျက်နှာသေးသေးလေးမှာ နီရဲစွာ ဖြင့် ပါးစပ်လေးမှာလည်း ခက်ခဲစွာ အသက်ရှူနေတယ် ။
နည်းနည်းသာ ပိုကြီးတဲ့ ကလေးကလည်း စပ်စုစွာဖြင့်
" သခင်လေး ၊သူက ဘယ်သူလဲ ? "" ငါ လမ်းတဝက်မှာ ကောက်ခေါ်လာတာ ! သူက လူလိမ်လေး ၊ နှမြောစရာက ငါသိသွားတယ်လေ ၊ ခဏနေ ငါ့နဲ့အတူ သူ့ကို ဆုံးမပေး ! ဟွန့် ၊ ငါတို့အိမ်က ပိုက်ဆံကို ညာချင်တာ ၊ဘယ်ရမလဲ ! "
လူငယ်လေးက လက်ညိုးဖြင့် ဆက်လက်ထိုးနေပြီး
" လူလိမ်လေး ၊ ဟန်မဆောင်တော့နဲ့ ၊ အမြန်ထ ! "ဒါပေမဲ့ ဘယ်လိုပဲလုပ်လုပ် မနိုးလာဘူး ၊ လူငယ်လေးက လက်မောင်းပိုက်ပြီး ပါးပါဖောင်းအောင် နှုတ်ခမ်းစူကာ ဘေးကို ရပ်လိုက်ပြီး ညွန်ကြားတယ်
" အားကျို ၊ ရေတပုံး သွားခပ် ! "" သခင်လေး ...."
အားကျို ခေါင်းလေးဆန့်ပြီး အတော်အိပ်မော်ကျနေတဲ့ လျန်ဖုန်းကေားကို ကြည့်လိုက်တော့ နီရဲနေတဲ့ မျက်နှာကိုမြင်တော့ သက်ပြင်းချကာ
" သခင်လေး ၊ သူ ဖျားနေတာနဲ့တူတယ် ဒါ့ကြောင့် မနိုးလောက်ဘူး "
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်