126

578 91 5
                                    

  079

      အကြည့်ချင်းတချက်ဆုံပြီးနောက် နှစ်ယောက်သားရဲ့ စိတ်အခြေအနေကလည်း မတူနေကြဘူး ။

  စူးယီမော့က အရင်ဆုံး လျန်ဖုံးကေားရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေပြီး စိတ်ထဲမှာ တိတ်တိတ်လေး ပျော်သွားမိတယ် ၊ အခုဆို လျန်ဖုံးကေားက လူလိမ်လေးမှန်း သူသိပြီ ၊ ပြီးတော့ လျန်ဖုံးကေားကလည်း ကိုယ်က အားမော့မှန်းသိပြီ ၊ ပြီးတော့ ကိုယ်က သူ့ကို ချစ်ရေးဆိုပြီးပြီလေ ၊ သူဖက်က ဘာတုံ့ပြန်ချက်မှ မရှိသေးပေမဲ့ ကိုယ့်အတွက်ကတော့ ကောင်းတဲ့ အလားအလာတခုပဲ ။

  ဆက်ပြီးတော့ နှစ်ယောက်သား တခန်းထဲ အတူတူနေလို့ရတယ်လေ ၊ အခု ကိစ္စက ဖွင့်ချလိုက်ပြီမို့ လျန်ဖုံးကေားက သူ့ရဲ့စိတ်ကို အတင်းတွေ  ဖိချထားလည်း ချစ်ရိပ်တွေက ရှိနေတယ်လေ ။

  ဒီချစ်ရိပ်ရှိတာလေးကို အသုံးချရင် သူ ယုံကြည်တယ် အချိန်သိပ်မကြာခင်မှာပဲ လူလိမ်လေးက သူ့ကို လက်ခံလာလိမ့်မယ် !

 လျန်ဖုံးကေား စဉ်းစားနေတာကတော့ ရှေ့ရက်တွေတုန်းက သူ အလုပ်ရှုပ်ပြီး မေ့သွားလို့ အခန်းပြောင်းဖို့ သတိမရတော့တာလေ ။ ပြီးတော့ ပိုအရေးကြီးတာက သူလည်း ကိုယ်နှစ်သက်တဲ့ သူနဲ့ တကုတင်တည်း အိပ်ရတဲ့ ခံစားချက်ကို မျှော်လင့်နှစ်သက်.....

  ဒါပေမဲ့ အခု မတူတော့ဘူးလေ !

  အလွှားပါးပါးကို ထိုးဖောက်ချလိုက်ပြီမို့ လျန်ဖုံးကေား ဘယ်လိုလုပ် အရင်အတိုင်း ကိုယ့်ကို စူးယီမော့နဲ့ အတူ အိပ်စေနိုင်ဦးမှာလဲ ? ထပ်ပြောရရင် ၊ ဟိုလိုလို ဒီလိုလိုနဲ့ ချစ်ရိပ်သန်းနေတာက သူလိုချင်တာမျိုးမဟုတ်ဘူးလေ ။

  သူအခု လိုအပ်တာက စိတ်ငြိမ်ဖို့ ...စိတ်ငြိမ်ချလိုက်ဖို့ .....

  ဒါကိုစဉ်းစားမိလိုက်တာနဲ့ လျန်ဖုံးကေားက စူးယီမော့ သော့ဖွင့်ပြီးတာနဲ့ အရင်ဆုံးတံခါးကို တွန်းဖွင့်ဝင်သွားကာ အဝတ်ဘီဒိုဘက်သွားပြီး ကိုယ့်ရဲ့ ပစ္စည်းတွေကို စပြီး သိမ်းဆည်းကာ အခန်းပြောင်းဖို့ ပြင်တော့တယ် ။

လူစားထိုးWhere stories live. Discover now