132

439 68 3
                                    

 
085

     မော့ရှောင်ပေ လန်ခွန်းရဲ့နေအိမ်မှာ သုံးရက်သုံးည အိပ်ပြီးမှ နိုးထလာခဲ့တယ် ။

  ထိုအချိန်အတွင်း သူ့ကို နှိုးဖို့ မစဉ်းစားတာတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ နှိုးလိုက်တိုင်း တဟင့်ဟင့်နဲ့ ကိုယ်ကို လှည့်ကာ ဆက်အိပ်သွားတယ်လေ ။ လန်ခွန်းက ဆရာဝန်တောင် ခေါ်ပြလိုက်သေးတယ် ၊ ဒါပေမဲ့ ဆရာဝန် ပေးတဲ့အဖြေက --- ဒီကလေး အိပ်ရေးမဝရုံပါတဲ့ ၊ အိပ်ရေးဝအောင်သာ စောင့်ပါဆိုပဲ ။

  လန်ခွန်း အံ့အားတွေသင့်မိတယ် ၊ ဒီကောင်လေး အကြာကြီးကို မအိပ်ခဲ့ရတာလား ? ထိုင်းထိုင်းမှိုင်းမှိုင်းလည်း မဖြစ်နေဘူးကော ၊ မျက်ကွင်းလည်း မညို ၊ အရေပြားကဖြူဆွတ်နုဖတ်နေတာက တချက်ညှစ်လိုက်ရင်တောင် ရေထွက်လာလောက်တာမို့ သူ မအိပ်ရ‌တာကြာပြီမှန်း ဘယ်သူကသိနိုင်မှာလဲလေ ။

  မော့ရှောင်ပေ အိပ်ရေးဝပြီး အကြောတွေ့ဆန့်လိုက်ကာ စောင်ကို ဖက်ပြီး ကုတင်ကြီးကြီးပေါ်မှာ ခေါင်းတွေ စောင်းကာ ငိုင်နေသေးတယ် ၊ အတော်ကြာ ငိုင်နေပြီးမှသာ လန်းဆန်းစွာ နှိုးထလာခဲ့တယ် ။

  စောင်ကို ဖယ်လိုက်တော့ ကိုယ်ပေါ်က လန်ခွန်းသူ့ကို ပေးတဲ့ ဝတ်စုံအကြီးကြီးတွေ မဟုတ်တော့ဘူး ၊ သူ့ကိုယ်နဲ့ အကိုက် ကာတွန်းပုံညအိပ်ဝတ်စုံဖြစ်နေပြီလေ ၊ ဘောင်းဘီအရှည်က ဒူးဖုံးရုံပဲ ၊ အင်္ကျီမှာက ယုန်နားရွက်ရှည်နှစ်ခုပင် ပါနေသေးတယ်လ။
  
     မော့ရှောင်ပေရဲ့ မျက်နှာထားက အံ့အားသင့်နေရာကနေ ပျော်ရွှင်ခြင်းတွေ ပြောင်းလဲသွားတာကြောင့် ၊ မျက်နှာပေါ်မှာ ပါးချိုင့်လေးပါ ထွက်ပေါ်လာခဲ့တယ် ၊ ကိုကိုကြီး ဝယ်လာပေးတာနေမှာပေါ့ ?

  ကုတင်ပေါ်ကဆင်းပြီး ခေါင်းငုံ့ကြည့်လိုက်တော့ ကုတင်ဘေးမှာ ယုန်ပုံလေးရိုက်နှိပ်ထားတဲ့ နဲ့ စွပ်ဖိနပ်လေးထားပေးတာကြောင့် မော့ရှောင်ပေ ခြေထောက်လေး စွပ်ထည့်လိုက်ပြီး ခြေထောက်ရှပ်တိုက်ကာ တံခါးဖက်ကို ပြေးတော့တယ် ၊ တံခါးဖွင့်ကာ ခေါင်းလေးထုတ်ကြည့်လိုက်တော့ အပြင်က ကြီးမားကျယ်ဝန်းသော ဧည့်ခန်းနဲ့ ဧည့်ခန်းနံရံပေါ်က အတော့်ကို ကြီးသော TV Screen ကို ကြည့်ရင်း အံ့အားသင့်စွာ ပါးစပ်တွေ ဟသွားတော့တယ် ။

လူစားထိုးWhere stories live. Discover now