021

561 92 0
                                    

  021

    လျန်ဖုန်းကေား ဒဏ်ရာကို အုပ်ထားပြီး ခြေနှစ်လှမ်းဆုတ်လိုက်မှ ငြိမ်ငြိမ်ရပ်လိုက်နိုင်တယ် ၊ထိုအချိန်မှသာ မျက်လုံးကို ဖြည်းဖြည်းပင့်ပြီး မျက်နှာချင်းဆိုင်က အန်းချန်ကို စိုက်ကြည့်လိုက်တယ်။

  " မင်းက အရင်တုန်းက လိုပဲ ...."
 ....နည်းလမ်းပေါင်းစုံသုံးကာ ယုတ်မာကောက်ကျစ်ဆဲ !

  အန်းချန်မတ်တပ်ရပ်လာပြီး လျန်ဖုန်းကေားကို မမှုသလို မျက်လုံးချင်းဆိုင်ကာ
  " ငါအရင်က ဘယ်လိုပုံလဲ ဆိုတာ မှတ်ထားနေရသေးတာပေါ့ ၊ ငါ မင်းကို ရှာတွေ့မှတော့ မင်းကို ငါ့အတွက် အသုံးချမှာပဲလေ ! "

  " မာနထောင်လွှားပြီး အဟုတ်ထင်နေတာ ! "
လျန်ဖုန်းကေား တခွန်းလောက်ဆဲလိုက်ပေမဲ့ ခြေနှစ်ဘက်က ပျော့နေပြီမို့ ၊ သူမျက်မှောင်ကျုံ့သွားတယ် ၊ခဏက သူ အရှောင်မြန်လို့ပေါ့ ဓါးအထိုးခံလိုက်ရပေမဲ့လည်း မနက်ဘူး ဒါပေမဲ့ မျက်လုံးတွေ ပြာပြီး ခြေလက်တွေ အားမရှိ....
မဟုတ်မှလွှဲ.....

 " ဓါးပေါ်မှာ အရင်ဆုံး ထုံဆေးသုတ်ထားတယ်လေ ၊ ဒါ့ကြောင့် ၊ ငါ့ရဲ့တောင်းဆိုမူကို လိမ်လိမ်မာမာ လက်ခံတာက အကောင်းဆုံးအကြံနော် ! "
  အန်းချန်စားပွဲကို ပတ်ပြီး အနားကို တလှမ်းချင်းကပ်လာတယ် ။

  လျန်ဖုန်းကေား မျက်လုံးထဲ အလင်းတချက်ပြေးသွားကာ မျက်နှာကြက်ကနေကြမ်းပြင်ထိဆက်ထားတဲ့ မှန်ပြတင်းပေါက်ကို ကြည့်လိုက်တော့  ခဏက ရေနွေးစိမ်ကန်ကို ငုံ့ကြည့်တဲ့နေရာနဲ့ကပ်နေတယ် ။ သူထိုင်ခုံကို ခြေနှင့်ကန်ထုတ်လိုက်ပြီး အန်းချန်ရဲ့ လာလမ်းကို တားဆီးလိုက်ကာ အန်းချန်က ထိုင်ခုံကို ရှောင်လိုက်တဲ့ အချိန်ခဏအတွင်း ပြတင်းပေါက်ကို ဝင်တိုက်လိုက်တယ် ။

  လူပ်ရှားမှုက နှေးနေပြီး အကြည့်တွေဝါးနေတယ် ဆိုပေမဲ့လည်း လျန်ဖုံးကေားအတွက်တော့ ရှိသင့်တဲ့ ကာကွယ်မူကတော့ ရပါသေးတယ် ။

  ခေါင်းကိုကာ ၊ နောက်ကျောနဲ့ တံတောင်ဆစ်နဲ့ တိုးတိုက်ပြီး မှန်ကို ခွဲလိုက်ရာ ဖန်ကွဲသံများနဲ့အတူ 15လွှာ က ရေစိမ်နေသူတွေက လူတယောက်ပြတင်းပေါက်ကနေ ကျလာတာကို တွေ့လိုက်ရတယ်....

လူစားထိုးWhere stories live. Discover now