125

637 94 8
                                    

  078

      လျန်ဖုံးကေား အမေ့ကို အခန်းပြန်ပို့ပြီးနောက် မခွဲချင်စွာ အခန်းထဲက ပြန်ထွက်လာခဲ့တယ် ။
  အမေရဲ့ ရင်ထဲကအထုံးက ၊ ဘယ်အချိန်မှ ပြေနိုင်မယ်မသိဘူး ....

  အမေ့ကို လာကြည့်တိုင်း သူ စိတ်မကောင်းစွာနဲ့ ပြန်ရ‌လေ့ရှိတယ် သူမရဲ့အခြေအနေက မကောင်းလာဘူးလေ  ဒါကိုဝမ်းနည်းရမှာကတော့ အသေအချာပဲ ဒါပေမဲ့ လျန်ဖုံးကေား ကျင့်သားရနေပြီလေ ။

  တခါတလေ လျန်ဖုံးကေား သံသယဝင်မိတယ် ၊ သူမက တမင် သူ့ကို မမှတ်မိချင်ယောင်ဆောင်တာလား ?

  ဒါပေမဲ့ သူတို့က သွေးသားရင်းတွေလေ ဒီလောက်အထိတော့ မလုပ်နိုင်လောက်ဘူးမလား ?

  ဟူး .....

  သက်ပြင်းချလိုက်ပြီး လျန်ဖုံးကေား အခန်းတံခါးကို သေချာပိတ်လိုက်တယ် ၊ အကယ်၍ ဆရာနဲ့သာ မတွေ့ခဲ့ဘူးဆိုရင် ကိုယ်လည်း ဘယ်လိုဖြစ်မယ်မှန်းမသိဘူး ။

  ဒီလောကမှာ ကိုယ့်ကို တကယ်ချစ်တာ ဆရာပဲ ရှိတော့တယ် ၊ အော် , ဟုတ်သား ၊ ဟိုရောင်းရင်းနှစ်ယောက်ရှိသေးတယ်....

  ဒီလို လျန်ဖုံးကေားက လျှောက်တွေးနေရင်း ကိုယ်ကိုလှည့်လိုက်ရုံရှိသေး အခန်းဝမှာစောင့်နေတဲ့ စူးယီမော့ရင်ခွင်ထဲ တိုက်မိလေတော့တယ် ။
  
     စူးယီမော့က လျန်ဖုံးကေားရဲ့ ဝမ်းနည်းနေတဲ့ မျက်နှာကို မြင်တာပေါ့ သူ ကိုယ့်ကို တိုက်မိလာတဲ့အချိန်မှာ တခါတည်း ခါးကို ပွေ့ထားလိုက်ပြီး အသံတိုးတိုးဖြင့်
   " ဝမ်းမနည်းပါနဲ့ ၊ ဒီနေ့ကစပြီး မင်းနားမှာ ကိုယ်ရှိပါတယ် "

  လျန်ဖုံးကေား အံ့အားသင့်စွာ မျက်လုံးပင့်ပြီး စူးယီမော့ရဲ့ အသေအချာပြောနေတဲ့ မျက်လုံးကို ကြည့်လိုက်တော့ ရင်ထဲ ဒိန်းကနဲဖြစ်သွားတယ် ။ သူ အကြည့်‌တွေကို ရှောင်လွှဲလိုက်ပြီး အမှတ်မထင်မေးသလို မေးလိုက်တယ်
   " မင်းက ငါ့ရဲ့ ဘယ်သူမို့လဲ ? "

  အဲ့ဒီအဓိပ္ပာယ်က ---ဘယ်လို ' မင်းနားမှာ ငါရှိတယ်' မင်းက ငါ့ရဲ့ ဘယ်သူမို့ မင်းရှိ‌ရတာလဲ ' ကိုယ့်မျက်နှာပေါ် ရွှေတော့ကပ်တတ်သားပဲနော် ။
  
     သူ့ရဲ့ ရှောင်လွှဲသွားတဲ့ အကြည့်ကို ကြည့်ပြီး စူးယီမော့ စိတ်တိုမိတယ် ၊ ဒီ‌ကောင်လေး ၊ ကိုယ်က အဲ့တုန်းက အားမော့မှန်း သိပြီမဟုတ်လား ? ဘာလို့ ကိုယ့်အပေါ် ဒီလိုလုပ်နေသေးတာလဲ ?

လူစားထိုးWhere stories live. Discover now