027လျန်ဖုံးကေားက ဘာလို့ ဒီလို လူစားထိုးလို အန္တရယ်မြင့်မားတဲ့အလုပ်ကို လုပ်ရတာလဲလို့ စူးယီမော့က စိတ်ထဲကတွေးတောနေတာမို့ စိတ်နဲ့ ကိုယ်နဲ့မကပ်သလို အသံတိတ်လို့နေတယ်၊ လျန်ဖုံးကေားလည်း စူးယီမော့ထံက အတော်ကြာ အသံမကြားတာမို့ တချက်လှည့်ကြည့်လိုက်ရာ စူးယီမော့က တံခါးမှာမှီပြီး အတွေးတွေ လွှင့်နေတာ တွေ့လိုက်တယ်လေ ၊ ဘာတွေစဉ်းစားနေမှန်းမသိဘူး ။
ဒါပေမဲ့ ၊ သူတောင်းပန်နေပြီ ဆိုတော့ ကိုယ်လည်း အမှတ်သည်းခြေကြီးပြနေလို့ မရဘူးမလား ။ဒါနဲ့ပဲ ပါးစပ်ဟကာ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်တယ်
" ဒါဆိုနောက်ကျရင် အိမ်မှာပဲ စားပါ "" ကောင်းပြီ "
စူးယီမော့ ကန့်ကွက်စရာအကြောင်းမရှိ ။ဒီတနပ်ကတော့ လျန်ဖုံးကေားချက်တာပဲလေ ဆေးရုံက ဆင်းစမို့ အစာပျော့ပျော့သာ ချက်ထားတယ် ၊ ဒါပေမဲ့ သူ တခြားဟင်းတွေလည်း အထူးထပ်ချက်သေးတာမို့ အမယ်စုံသော ထမင်းဝိုင်းတော့ ဖြစ်လို့နေတယ် ။
နှစ်ယောက်သား ထမင်းဝိုင်းမှာ ဝင်ထိုင်လိုက်ပြီး လျန်ဖုံးကေားက ဆေးထားတဲ့ တူနှစ်စုံထဲက တစ်စုံကို စူးယီမော့ကို ပေးလိုက်ရင် မေးတယ်
" အားကျို သူတို့ကော အတူ မစားဘူးလား ? "" အင်း ၊ သူတို့ အိမ်ပြန်စားလိမ့်မယ် "
" အော် "
လျန်ဖုံးကေားက ကိုယ့်နဲ့မတည့်တဲ့ ဟင်းကို တွန်းပေးလိုက်ပြီး
" ရော့ ၊ ငါ့လက်ရာမြည်းကြည့်ပါ ! "စူးယီမော့ က အေးအေးဆေးဆေးပဲ ၊ တူနဲ့ညှပ်ပြီး ပါးစပ်ထဲ ထည့်စားလိုက်ကာ ဝါးလိုက်ပြီး နှုတ်ခမ်းလေးကွေးသွားတယ်
" မင်း မတတ်တာ ဘာရှိသေးလဲ ? "လျန်ဖုံးကေား ခေါင်းလေးစောင်းပြီး နားမလည်ကြောင်းပြတယ် ။
စူးယီမော့ ပါးစပ်ထဲကဟင်းကို မျိုချပြီး
" အတတ်စုံတတ်တာ၊ အခုလည်း တမျိုးထပ်တိုးတော့ ငါလည်း သိချင်တယ် မင်း မတတ်ဘာများရှိမလဲလို့ "
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်