020

615 95 0
                                    

020

     " သွားရအောင် "
  အန်းချန်က ဘေးကနေ အသံထွက်ကာ သတိပေးတယ်။

  လျန်ဖုန်းကေား က နောက်ပြောင်ပြောဆိုတယ်
" အကယ်၍ ငါ့ကို ရေနွေးစိမ်ဖို့ ခေါ်တယ်ဆိုလည်း အထပ်လွှာခလုတ်နှိပ်တာမှားသွားသလိုပဲ "
ဆယ်ငါးလွှာကို လက်ညိုးထိုးပြကာ
" အဲ့ကိုသွားမှ မှန်တာ "

  " မင်း ရေနွေးစိမ်ဖို့ စိတ်မပါလောက်ဘူးလို့ ငါထင်တယ် "
   အန်းချန်က အရှေ့မှာ သွားနေပြီး နံပါတ်2010လို့ တပ်ထားတဲ့ အခန်းတံခါးကို တွန်းဝင်သွားတယ် ၊ ပြီးမှ ရပ်နေရာကာနေ မလိုက်လာတဲ့ လျန်ဖုန်းကေားကို တချက်ကြည့်လိုက်တယ်
" ဘယ်လိုလဲ ? မလာရဲဘူးလား ? "

  လျန်ဖုန်းကေား ခြေလှမ်းပေါ့ပေါ့ပါးပါး လှမ်းလိုက်ရင်း
" မဟုတ်ပါဘူး !"

 အခန်းထဲက အလင်းက အနည်းငယ်မှောင်နေတယ် ၊ သို့သော်လည်း အခန်းထဲက ဖွဲ့စည်းပုံနဲ့ လူပုန်းခိုလို့ရတဲ့နေရာတွေကို ရှင်းလင်းစွာကြည့်နိုင်ဖို့က‌တော့ လုံလောက်တယ် ။

  --- အခန်းကိုကြည့်လိုက်တာ အန္တရယ်ရှိနေတဲ့ အနေအထား မရှိတာမို့ အန်းချန်က ဘာလှည့်ကွက်မှ မလုပ်ထားဘူးပဲ ။

  လျန်ဖုန်းကေားက စိတ်ချစွာ အခန်းထဲဝင်လိုက်တာနဲ့ အန်းချန်က အလိုက်သင့် အခန်းတံခါးကိုပိတ်လိုက်ကာ မျက်နှာကြက်‌ကနေ ကြမ်းပြင်အထိရှိသော မှန်ပြတင်းပေါက်အကြီးကြီးရှေ့မှာရှိတဲ့ စားပွဲနားက ထိုင်ခုံကို ဆွဲပေးလိုက်ကာ
    " လာထိုင်ပါ "
  လျန်ဖုံးကေားက ပေါ့ပါးစွာသွားလိုက်ပြီး ဝင်ထိုင်လိုက်တယ်
  " အဓိကကိစ္စကို ပြောလို့ရပြီလား ? "

  " ငါ မင်းရဲ့ ရာဇဝင်အချက်အလက်တွေကို စုံစမ်းပြီးပြီ "
အန်းချန်က မျက်နှာချင်းဆိုင်မှာ ထိုင်ချလိုက်ကာ ၊ ပါးစပ်ဟတာနဲ့ ဒီလိုပြောလာတယ် ။

  လျန်ဖုန်းကေား မျက်ခုံးပင့်ကာ အပြုံးပျယ်သွားတယ်
  " လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက မင်း စုံစမ်းပြီးပြီလို့ငါထင်တာ "

လူစားထိုးWhere stories live. Discover now