041

509 94 0
                                    

  041

     လျန်ဖုံးကေားက ဘာမှမဖြစ်သလိုပုံဖြင့်
  " ဒဏ်ရာအသေးလေးပါ ။ မင်းတို့လည်း သိတာပဲ ငါတို့အလုပ်က ဒဏ်ရာရတာ ရှောင်လို့မှမရတာ ! အဲ့လောက်အလန့်တကြားမလုပ်ပါနဲ့ ။ ပြီးတော့ ကောင်းတောင်ကောင်းနေပြီ "
  ပြောရင်း သူက ခေါင်းငုံ့ပြီး ကျည်ကာအင်္ကျီကို သေချာထည့်ဝတ်နေပြီး အပေါ်ကနေ ကိုယ့်ရဲ့ မူလအင်္ကျီကို ပြန်ဝတ်လိုက်တယ် ။

  " ဝေ့ , bro , မင်းငါ့ကို အမှန်ပြောပြ ၊ ဒီတခေါက်က ဘာအလုပ်လဲ ? ရှေ့တခေါက်လို ဒဏ်ရာအပြည့်တွေ မလုပ်နဲ့ !ငါနဲ့လော့လော့ မင်းဒဏ်ရာရတာမကြည့်ချင်ဘူး"
ချိန်ရှီးလန် က သေချာစွာ လျန်ဖုံးကေားကိုကြည့်နေရင်း မျက်လုံးထဲမှာ စိတ်ပူခြင်းတွေအပြည့်ပဲ ။ 

   " ဟုတ်တယ် ၊ ရှောင်ကေား ငါတို့မင်းဘယ်လောက်တော်တာသိတယ် ၊ မင်းကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့လူ ဘယ်နှစ်ယောက်မှမရှိဘူး ။ ရှေ့တခေါက်က မင်းဘယ်လောက်ထိ ဆိုးရွားခဲ့လဲ မင်းသိရဲ့လား , ငါတို့နှစ်ယောက်လုံး အတော်လန့်သွားတာ ! "
မီလော့‌ လိုက်ထောက်ခံပြောကာ
" ဒါ့ကြောင့်သာ ငါတို့နှစ်ယောက်က ‌သာမန်ဘဝလေးကိုဖြတ်သန်းရအောင် နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ ။ငါတို့တွေ ငယ်သေးတယ် ငွေလည်းရှာထားတာ မနည်းတော့ဘူး ဘဝကို ဆက်ရှင်သန်သွားဖို့ လုံလောက်ပြီ အကယ်၍ မလိုအပ်ရင် အန္တရယ်များတဲ့ အပ်နှံမှုတွေ လက်မခံတော့နဲ့ ကောင်းပြီလား ? "

  " မင်းနှစ်ယောက် ငါ့ကို စိတ်ပူတာ သိတယ် ၊ ဒါပေမဲ့ ငါ့စိတ်ထဲမှာ တွက်ချက်ထားပါတယ် ၊ငါ သတိထားပြီး ပိုပို သတိထားပါမယ် အရင်လို ထပ်မဖြစ်စေရပါဘူး ! "
လျန်ဖုံးကေား လက်ဆန့်ပြီး တဖက်က ချိန်ရှီးလန်ပုခုံးပေါ် တဖက်က မီလော့ပုခုံးပေါ်တင်ကာ အလေးအနက် ပြောရှာတယ် ။

  " ဒါပေမဲ့ ...."
မီလော့ က ပြောချင်သေးတယ် ။

  " စိတ်ချပါ , ဒီတခေါက်အလုပ်ပြီးတာနဲ့ ငါမင်းတို့နဲ့လာပေါင်းမယ် အဲ့အချိန် ထျန်းလန်ရဲ့ စားပွဲထိုးကောင်လေးလာလုပ်ပြီး မိန်းခလေး ချောချောလေးတွေခေါ်ပေးမယ် ကောင်းလား ? "
  လျန်ဖုန်းကေား နောက်ပြောင်နေတယ် ။

လူစားထိုးWhere stories live. Discover now