017
စူးယီမော့ ကားကို မောင်းရင်း အရှိန်တွေ တင်နေတယ် ကားကို လေယာဉ်ပျံလို မောင်းနေသလိုပဲ ။
အမှန်တော့ လျန်ဖုံးကေားရဲ့ သူငယ်ချင်းတွေကို ဒီကိစ္စပြောလိုက်ရင် သူတို့စိတ်ပူသွားမယ်ဆိုတာ မစဥ်းစားမိတာမဟုတ်ဘူး ၊ သိရင် သူတို့လည်း လူကို လာကယ်တော့မှာလေ ။ ဒါပေမဲ့ တဖက်သူ မလာခင်မှာ လူကို သူ အရင် ကယ်ထုတ်နိုင်မယ်လို့ ယုံကြည်တယ် ။
အမိန့်ပေးတာ အကျင့်ဖြစ်နေတဲ့ စူးယီမော့က လူတွေကို နှစ်သိမ့်တာ ၊ လူကို ကယ်ထုတ်လာမှာဆိုတာတွေကို မရှင်းပြတတ်နေဘူး ။ ဒါ့ကြောင့် သူမသိတာက သူ ခန့်မှန်းတာမမှားဘူး ချိန်ရှီးလန်နဲ့ မီလော့က မြို့လည်ကနေ အားကစားရုံဘက်ကို အမြန်လာနေတယ် !
စူးယီမော့က အရင်ဆုံး အားကစားရုံကို ရောက်တယ် ၊ သူက ကားကို သစ်ပင်များတဲ့ လမ်းဘေးမှာ အရင်ရပ်လိုက်ပြီး ရုတ်တရက် မထွက်သွားပဲ ကားထဲကနေ ဘေးဘီကို သေချာ လေ့လာကြည့်နေတယ် ၊ တော်သေးတာက ဒီနေ့က အလုပ်တက်ရက်မို့ အားကစားရုံထဲမှာ လူမများဘူး လန်ခွန်း ဒီမှာ အစောင့်ချထားသူတွေကို ရှာဖွေရလွယ်လောက်တယ် ။
စူးယီမော့က ကားထဲမှာ အပေါ်ထပ်အနောက်တိုင်းကုတ်ကို ချွတ်လိုက်ပြီး ထိုင်ခုံပေါ်ပစ်တင်လိုက်ကာ နက်ခ်တိုင်ပါ ချွတ်လိုက်ပြီး ကားပေါ်က နေကာမျက်မှန်ပါ ယူပြီး တပ်လိုက်တယ် ပြီးနောက် ပါးစပ်ထဲ ပီကေနှစ်ခုထည့်ဝါးလိုက်ကာ ၊ ကိုယ့်ကိုကိုယ် ဒီမှာ ကျောင်းလစ်ပြီး လာကစားတဲ့ ခပ်ဆိုးဆိုးတက္ကသိုလ် ကျောင်းသားပုံစံဖမ်းလိုက်တယ် ၊ ပြီးမှ ကားတံခါးဖွင့်ကာ ဆင်းလိုက်ပြီး ခြေလှမ်းသွက်သွက်ဖြင့် လူတောထဲမှာ ဝင်ရောလိုက်တယ် ။
စူးယီမော့ သွားရင်း နေကာမျက်မှန်အောက်က စူးရှသော မျက်လုံးအကြည့်ဖြင့် လူဝှက်လို့ရတဲ့နေရာနဲ့ သုံးလွှာကစနူကာအခန်းနေရာကို ကြည့်နေတယ်။ကြီးမားတဲ့ အားကစားရုံနဲ့ မျက်နှာချင်းဆိုင်က ပင်ပေါင်ဘောလုံးကစားသောနေရာ ၊ ပင်ပေါင်ဘောလုံးစားပွဲဆယ့်ခြောက်လုံးက ခမ်းနားညီညာစွာစီထားလေတယ် ၊ ဘယ်ဘက်က ဘောလုံးကန်တဲ့ကွင်းရှိပြီး မြက်တွေစိမ်းနေတယ် ၊ ဘဲဥလို ပြေးလမ်းကြောင်းမှာတော့ လူနှစ်ယောက်သုံးယောက် ဖော့ပြေးပြေးကျင့်နေတယ် ၊ ဘောလုံးကွင်းထဲမှာ ဂိုးတိုင် နှစ်နေရာရှိပြီး၊ ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ ထားထားတယ် ၊ မြက်ခင်းပေါ်မှာ မျဉ်းဖြူဆွဲထားတယ် တဖက်ကဂိုးတိုင်နားမှာ လူ ခုနှစ်ယောက် ရှစ်ယောက် က ပေါ့ပေါ့ပါးပါး ဘောလုံးကစားနေတယ် ညာဘက်က တင်းနစ်ကွင်း, အနီရောင်အစိမ်းရောင်မြေပြင်က ထင်းထင်းကြီးမြင်နေရတယ် တင်းနစ်ကွင်းမှာတော့ ရှင်းလင်းနေတယ် ကစားနေတဲ့သူ မရှိဘူး။
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်