part_1🌹

7.6K 174 10
                                    


"အားလုံးကြားကြသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု"

ဒေါ်တော်ဝင်နွယ်တစ်ယောက် မနက်တိုင်းဘုရားဝတ်ပြုသံဟာ 'တော်ဝင်လွှမ်းစံအိမ်' ကြီးမှာ ကြားရသူအဖို့ကျက်သရေမင်္ဂလာရှိစေသည်။

"လွှမ်း သားလေးထတော့နော် အမေဒီနေ့ဆိုင်မှာ ဖောက်သည်နဲ့ချိန်းထားလို့"

စကားပြန်မရတဲ့ သားအခန်းရှေ့ကနေထွက်လာခဲ့လိုက်သည်။အောက်ထပ်မှာတော့ ဦးသီဟလွှမ်းကမနက်စာ စားဖို့ရာစောင့်နေသည်။

"အစ်ကို ပြင်လိုက်ရတော့မလား။"

"အွန်း မင်းရဲ့သားတော်မောင်ရော မထသေးဘူးလား။"

"ထနေပါပြီအစ်ကိုရယ် ခနနေဆင်းလာလိမ့်မယ်။"

သေချာရဲ့လားဆိုတဲ့ မျက်နှာထားနဲ့ဒေါ်တော်ဝင်နွယ်အား စိုက်ကြည့်လာသည်။သူမလည်းဘာစကားမှဆက်မဆိုတော့ဘဲ ခင်ပွန်းသည်အတွက် ကော်ဖီနဲ့မုန့်ကိုပြင်ဆင်ပေးလိုက်သည်။

မဖွင့်ချင်တဲ့မျက်လုံးတွေကို အားယူပြီးမနည်းဖွင့်လိုက်ရသည်။အမေ့ကိုဆိုင်လိုက်ပို့ရမှာမို့သာ ကိုက်နေတဲ့ခေါင်းကို နားထင်တွေဖိနှိပ်ကာ ရေချိုးရန်ပြင်ဆင်လိုက်သည်။

"အာ...ကျစ်..."

ယောကျာ်းလေးသဘာဝဖြစ်လေ့ဖြစ်ထရှိပေမယ့် ခုလိုစောစောစီးစီးမနက်ခင်းတွေမှာဖြစ်ရင်မကြိုက်ပေ။ဒီကိစ္စကို ဘယ်တော့မှမနက်စောစောမလုပ်ဘူးဟု ဆုံးဖြတ်ထားတဲ့သူမှာ စိတ်ဆန္ဒပြေပျောက်စေရန် အကြိမ်(၅၀)လောက်ဒိုက်ထိုးလိုက်သည်။

ရေချိုးပြီးခါစစိုနေတဲ့ ဆံပင်တွေကိုပြောင်အောင်မသုတ်တာကလည်း အကျင့်တစ်ခုဖြစ်နေသည်။over sizeပွပွ အနက်ရောင်T_shirtနဲ့ဒူးတစ်ဖက်ဆီမှာ ပြဲနေသည့်အနက်ရောင်ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားကာ နားတစ်ဖက်တွင်တစ်ပွင့်တည်းသောစိန်နားကပ်ကို ပန်ထားသေးသည်။

ရင်အုပ်ကျယ်ကျယ်နဲ့ အသားအရည်ကမဖြူလွန်းမညိုလွန်းသော သူမှာ ဘာဝတ်ဝတ်လိုက်ဖက်မှု့ရှိလှသည်။၆ပေကျော်ရှိသော အရပ်အမောင်းနဲ့လှမ်းလိုက်သည့် ခြေလှမ်းတွေက တစ်လှမ်းနဲ့တစ်လှမ်း မြန်မာနဲ့တရုတ်လားပင်။ လှေကားထစ်တွေကိုကျော်ဆင်းရင်း မနက်စာဝိုင်းဆီ ဦးတည်လာခဲ့သည်။

I will always be here for you(Completed)Where stories live. Discover now