Part_27🌹

1K 36 0
                                    


ငိုသံသဲ့သဲ့လေးကိုတိတ်စေရန် မဆိုတက်ဆိုတက်နဲ့သားချော့တေးကို ကလေးလေးအားရင်ခွင်မှာပိုက်၍တီးတိုးညည်းနေတဲ့ ကိုလင်းကိုကြည့်ပြီး ဆုမွန်မှာ ပြုံးနေရသည်။

"ဟျောင့် ဟိန်း ကလေးဖေကြီးရေ။"

"ရှူးတိုးတိုး။"

ကိုလင်းက လွှမ်းအားလက်သီးထောင်ပြပြီး ကလေးကိုဆက်ချော့သိပ်နေသည်။ဟိန်းက ဆုမွန်အတွက် အိုဗာတင်းဖျော်ပြီး ကုတင်ပေါ် တင်ပလွှဲထိုင်ကာ လွှမ်းတို့ကိုပြုံးပြလာသည်။ရှေးလည်း အထုတ်တွေချပြီး ကလေးလေးဆီဦးတည်လိုက်သည်။

"အား ချစ်စရာလေး ဖွေးဖွေးသေးသေးလေးကွာ။"

ရှေးမှာ ကိုလင်းလက်ထဲက ကလေးလေးကိုကြည့်ပြီး အူယားနေသလောက် လွှမ်းမှာတော့ သူ့ကလေးကြီးကိုကြည့်ပြီး ပို၍အူယားနေရသည်။

"ကိုကြီး ရှေးချီလို့ရမလား။"

"ရတယ်လေ ချီမှာလား။"

ရင်ခွင်ထဲပိုက်ထားတဲ့ ကလေးလေးကို ရှေးလက်တွေဆီအသာအယာလေးလွှဲပြောင်းပေးလိုက်သည်။ထိုစဉ်...

"ဒေါက်တာ။"

"ဪ သုတ လာလေ။"

လက်ထဲက သစ်သီးခြင်းကိုကိုင်ကာ တံခါးပေါက်ဝမှာရပ်နေသည့် သုတပိုင်။မဟုတ်ဘူး ဆက်မသွားချင်တော့တာဆိုပိုမှန်လိမ့်မည်။ရှေ့မှာ ပူးပူးကပ်ကပ်မြင်လိုက်ရတဲ့နှစ်ယောက်ကြောင့် ဆက်မသွားတော့ဘဲလှည့်ပြန်မယ်အလုပ် ဆုမွန်နဲ့ဟိန်းကလှမ်းခေါ်လိုက်တာကြောင့် အားနာနာနဲ့ဝင်လာသည်။

"အစ်မသက်သာရဲ့လား။"

"သက်သာပါတယ်ကွယ် သုတရောအဆင်ပြေရဲ့လား။ဒီရက်တွေမနားရဘူးကြားတယ်။"

"ဟုတ်တယ် အစ်မ ဒီရက်ပိုင်းကခွဲခန်းဘဲဆက်တိုက်ဝင်နေရတာ။"

စကားသာပြောနေပေမယ့် အာရုံတွေက နောက်မှာရှိနေသည့်နှစ်ယောက်ဆီပင်ဖြစ်သည်။ကိုလင်းမှာတော့ ရှေးနဲ့သုံးပေအကွာမှာရပ်နေပြီး လွှမ်းနဲ့စကားပြောနေသည်။

"အစ်မရေ သားသားက ဗိုက်ဆာပြီထင်တယ်။သူ့လက်လေးကိုပြန်စုပ်နေပြီ။"

I will always be here for you(Completed)Where stories live. Discover now