Part_22🌹

1.2K 32 4
                                    


"ကိုကို  ကိုကို ညီလေးနဲ့အတူ ဒီပိတ်ရက်ကျရင် shoppingထွက်ကြရအောင်နော်။ကစားကွင်းလည်း လိုက်ပို့ပေးရမယ်နော်။"

လမ်းမပေါ်မှာ အရှိန်ဖြေးဖြေးမှန်မှန်နဲ့သွားနေသည့် ခဲရောင်ကားလေးထဲတွင် ညီအစ်ကိုနှစ်ယောက်ရဲ့ရယ်မောသံလေးတွေ၊ညီဖြစ်သူရဲ့ တီတီတာတာချွဲသံလေးတို့ဟာ ပြည့်နှက်နေခဲ့သည်။

"ကိုကို ညီလေးကိုထားပြီး မိန်းမ(မ)ယူသွားရဘူးနော်။"

"မယူပါဘူးကွာ ကိုယ့်မှာဒီညီလေးတစ်ယောက်ဘဲရှိတာ ယူစရာလား။"

"ပြီးရော ကတိနော် ကိုကိုမိန်းမယူသွားရင် ညီလေးက တစ်သက်လုံးမခေါ်တော့ဘူး ဟွန့်။"

"နေပါဦး ကိုကို့ ကိုမိန်းမယူဖို့မပြောနဲ့ ရည်စားတောင်မရှိပါဘူးဗျာ။ဘယ်ကမိန်းမကို သွားယူလို့ရမှာတုန်း။"

ညီဖြစ်သူရဲ့ခေါင်းလုံးလုံးလေးကို အသာဖွရင်း ပါးလေးကိုလိမ်ဆွဲလိုက်သည်။ချစ်စရာကောင်းလွန်းလှတဲ့ ညီလေးက အပြုံးနုနုလေးတွေနဲ့ ရယ်ပြနေသည်။

"အား...ကိုကို ရှေ့ ရှေ့မှာ..."

"ကျွီ...ဝူး...ဒိန်း...ဒုန်း...။"

လျှပ်တစ်ပြက်နဲ့ လေအလျှင်လိုတစ်ဖက်ကားလမ်းမပေါ်က ကုန်တင်ကားတစ်စီးမှာ သူတို့ကားလေးဆီအရှိန်ပြင်းစွာ ဝင်တိုက်လိုက်သည်။အလျှင်အမြန်ရှောင်သော်လည်း အချိန်မမှီခဲ့တော့ပေ။အရှိန်ပြင်းလွန်းတော့ မောင်နေသူဘက်တစ်ခြမ်းလုံးက ကားbodyမှာ ပိန့်ရှုံ့သွားပြီး ထိုလူမှာလည်း သွေးအလိမ်းလိမ်းထွက်ကာ မှန်စတွေက ကိုယ်ပေါ်စိုက်နေသည်။

ဒဏ်ရာတွေကြားကနေ ညီဖြစ်သူကို ကြိုးစားနှိုးနေပေမယ့် ညီလေးဖြစ်သူမှာတော့ မနှိုးလာခဲ့ပေ။

"ညီလေး...ညီလေး..အာ့...ထ...ထပါဦး...အာ့။"

"ညီ...ညီလေး...သုတပိုင်...ကို...ကို...ခေါ်..."

ဘယ်လိုခေါ်နှိုးနှိုး မနှိုးလာတဲ့သူကြောင့်စိတ်ပူပြီး ခါးပါတ်ကိုကြိုးစားကာမနည်းဖြုတ်ပြီး ညီဖြစ်သူဘက်လှည့်ချိန် သုတပိုင်ရဲ့ ရင်ဘတ်လေးပေါ်ကို လှဲကျသွားသည့် သုတဖြိုးတစ်ယောက်။

I will always be here for you(Completed)Where stories live. Discover now