Part_36🌹

1.2K 38 0
                                    

ဦးသီဟမှာ ဒီနေ့စက်ရုံကိစ္စတွေနဲ့အလုပ်ရှုပ်နေတာမို့ မနက်အစောကြီးကတည်းက ကားတစ်စီးနဲ့ထွက်သွားလေပြီ။ဆိုင်သွားဖို့ရာလည်းရှိနေပြန်တာကြောင့် ဒေါ်တော်ဝင်နွယ်မှာသားကိုစောင့်နေဖို့မအားပြန်။

"ထွေးမှုံ မမနွယ်သားကိုမစောင့်တော့ဘူး။ပြန်လာရင် ဆိုင်ကိုလိုက်ခဲ့ပါဦးလို့ပြောလိုက်ဦးနော်။"

"ဟုတ် မမနွယ် ပြန်လာရင်ပြောလိုက်ပါ့မယ်။"

"အေးအေး ဒါဆိုမမနွယ်သွားပြီနော်။"

ဆိုင်မှာလည်း ဖောက်သည်တွေကိုစောင့်မနေစေချင်တာနဲ့ ထွေးမှုံကိုသာမှာခဲ့လိုက်တော့သည်။

"သားလွှမ်း ပြန်လာပြီလား။"

"ဟုတ်ကြီးကြီးမှုံ။"

"သားရယ် နားနားနေနေလေးနေပြီးရှာပါ့လားကွယ်။သားလည်း ပင်ပန်းရောပေါ့။"

"ရပါတယ် ကြီးကြီးမှုံရယ် တော်ကြာ ကလေးနဲ့ပြန်တွေ့ခဲ့ရင် သူ့ကိုလိုက်မရှာရကောင်းလားဆိုပြီး ကျွန်တော့်ကိုစိတ်ကောက်နေပါဦးမယ်။"

"အေးပါကွယ် ဒါနဲ့ သား မမနွယ်က ဆိုင်ကိုလိုက်ခဲ့ပါဦးတဲ့။"

"ဟုတ် ကြီးကြီးမှုံ ကျွန်တော်သွားလိုက်ပါ့မယ်။"

ဟင်း....ဒီကလေးနှစ်ယောက်နဲ့တော့ခက်သားကွယ်။တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြရက်နဲ့ ဘာကြောင့်များခုလိုခံစားနေကြတာလည်း။ငါ့သားတို့အချစ်စစ်ခဲ့ရင် ရေစက်မကုန်သေးပါဘူးကွယ်။
******
"ပန်းတွေက လှလိုက်တာ။"

"ဟုတ်ပ သုတရယ်လှလွန်းလို့ဘယ်ဟာရွေးရမလည်းကိုမသိတော့ဘူး။"

"အစ်မရှင်း ဒီညနေသုံးမယ့် ပန်းတွေကနှင်းဆီတစ်မျိုးတည်းလား။"

"မဟုတ်ဘူးသုတ နှင်းဆီရယ် လီလီပန်းအဖြူရောင်ရယ်သုံးမှာတဲ့ စင်ပေါ်ကပန်းခြင်းအတွက်က သစ်ခွပန်းအခတ်များများတဲ့လေ။"

"ဒီမှာက ပန်းတွေနည်းတယ် တခြားဆိုင်တွေဘက် သွားကြည့်ရဦးမယ်ထင်တယ်။"

သုတတို့ဒေါက်တာတွေ မနေ့ကတည်းကပြင်ဦးလွှင်ရောက်နေခြင်းဖြစ်သည်။ဘာကြောင့်ဆို ဒီမှာဆေးရုံတစ်ခုထပ်ဖွင့်တာမို့ ဒီညနေကဖွင့်ပွဲအတွက် ပန်းတွေလာရွေးကြခြင်းဖြစ်သည်။မနက်ငါးနာရီထိုး ထပြီး ပန်းတွေနဲ့အပြင်အဆင်တွေကို အစ်မရှင်းရယ် ညီသစ်တို့မောင်နှမရယ်သုတ တို့ကတာဝန်ကြတာကြောင့်စောစောလာဝယ်ကြသည်။

I will always be here for you(Completed)Where stories live. Discover now