Part_10🌹

2K 67 3
                                    


ဘာလိုလိုနဲ့ ရှေးတောင်ပထမနှစ်ပြီးခဲ့ပြီ။ကြားထဲက အချိန်တွေမှာ လွှမ်းနဲ့ရှေးလည်း အရင်ကလိုသိပ်မတွေ့ကြတော့ပေ။ရှေးမွေးနေ့ပြီးကတည်း ဆိုင်ကယ်တွေချဖို့ရာ ဂျပန်နဲ့ဘန်ကောက်ကို အသွားအပြန်လုပ်နေရတာရယ် ပိုးထည်တိုက်အတွက်ထိုင်းနိုင်ငံကဇင်းမယ်အထည်တွေကို အမေတို့ဆိုင်မှာတင်ဖို့ရာအတွက် လွှမ်းကိုယ်တိုင်ဦးဆောင်ပြီး လုပ်ပေးနေရတာတွေကြောင့် အိမ်လည်းသိပ်မကပ်ဖြစ်ပေ။

"ရှေးလေး အန်တီ အပြင်ခနသွားဦးမယ် သားအဆင်ပြေတယ်မလား။"

"ရပါတယ် အန်တီနွယ်သွားစရာရှိတာသွားလေ မအေးတို့လည်းရှိနေတာဘဲလေ။"

"အေးပါကွယ် ဒါဆိုအန်တီသွားမယ် မိအေးတို့ရှေးကိုဂရုစိုက်ကြဦး။"

ကျောင်းပိတ်ရက်တွေမှာဆိုင်ကိုလိုက်လာပြီး ကူလုပ်ပေးဖြစ်သည်။ခုဆို ရှေးလည်းတော်တော်လေးနားလည်နေခဲ့ပြီလေ။

"အစ်ကိုလေးရှေး ဧည့်သည်လာနေတယ်။"

"အေး လာပြီခနလေးနော်။"

ဂိုဒေါင်ထဲမှာထိုင်းပိုးအလိပ်တွေကိုဖြတ်နေပြီး ပန်းထိုးဖို့ရာ အရောင်စပ်နေချိန်ဧည့်သည်လာတယ်ဆိုလို့ လုပ်လက်စအလုပ်လေးကိုထားခဲ့ကာဆိုင်ရှေ့ထွက်လာလိုက်သည်။

"ကိုကြီး ဘာလာလုပ်တာလည်း။"

"ရှေးဆီလာတာလေ ဒီမှာရှေးကြိုက်တဲ့မြီးရှည်ဝယ်လာပေးတယ်။"

"ကျေးဇူးကိုကြီ။"

"ရှေးက ကျောင်းပိတ်ထားမှအရင်ကထက်ပိုချောလာတယ်နော်။"

"တစ်ကယ်လား နောက်ရက်မှမုန့်ဝယ်ကျွေးမယ်ဒီနေ့ကမအားလို့။"

"ကိုကြီးက အားမနာတက်ဘူးနော်။"

"ရပါတယ်ဗျာ ရှေးအားတဲ့ရက်ဖုန်းဆက်လိုက်မယ်နော်။"

"ဟုတ်ပါပြီဗျာ။"

ကိုလင်းနဲ့ရှေး နှစ်ယောက်သားစကားတွေဖောင်ဖွဲ့နေခဲ့တာ ဘာရယ်မဟုတ် ဒီအတိုင်း အာလာပသလာပတွေပင်။ကိုလင်းကဒီနောက်ပိုင်း ရှေးကိုအရင်ကထက်ပိုဂရုစိုက်လာသည်။ခရီးသွားရင်လည်း လက်ဆောင်တွေတကူးတကဝယ်လာပေးသလို ဒီနေ့လိုမျိုး ရှေးကြိုက်တက်တဲ့အစားစားလေးတွေမုန့်လေးတွေလည်းလာလာပို့တက်သည်။
*******************
လွှမ်း ခရီးကပြန်ရောက်ရောက်ခြင်း အခန်းထဲဝင်ကာနားမယ်လုပ်ပြီး အပေါ်တက်လာတော့ဘေးအခန်းကတံခါးလေးအနည်းငယ်ပွင့်နေတာမြင်တော့ ရှေးရှိတယ်ထင်ပြီး ဝင်ကြည့်မိသည်။အခန်းထဲဝင်တာနဲ့ ရှာနေသူကိုတော့မတွေ့ သို့ပေမယ့် ယောကျာ်းလေးတစ်ယောက်နေတာလို့မထင်ရက်အောင် သန့်ရှင်းသပ်ရပ်နေသည့်အခန်းလေးကိုမြင်တော့ အံ့ဩသွားသည်။

I will always be here for you(Completed)Where stories live. Discover now