Part_35🌹

1.6K 34 2
                                    


"ဒေါက်တာသုတ မပြန်သေးဘူးလား။"

"အွန်း ဒါလေးပြီးမှဘဲပြန်တော့မယ်။"

သင်တန်းဆင်းဆရာဝန်ပေါက်စလေးတွေကနှုတ်ဆက်နေပေမယ့် မော့ကြည့်မလာဘဲ စာအုပ်ထဲသာခေါင်းစိုက်ကာပြန်ဖြေလာသည်။မသိသေးတာတွေကိုအမြဲလိုလိုလေ့လာသင်ယူနေရင်း အလုပ်တာဝန်ကိုကျေပွန်စွာထမ်းဆောင်လေ့ရှိသည်။

ဟုတ်တယ် သူနဲ့မတွေ့ခဲ့တာ လတွေအတော်ကြာနေခဲ့ပြီ။ဒီလတွေထဲမှာ သူ့ကို​ေမ့ထားနိုင်ခဲ့တယ်။ကျွန်တော် တစ်ကယ်ဘဲခင်ဗျားကိုမေ့နိုင်သွားခဲ့ပြီထင်တယ်။ကောင်းပါတယ်ကျွန်တော့်ဘဝထဲမှာ ဘယ်သူမှမရှိတော့ဘူးဆိုတော့ တွယ်တာစရာလည်းမလိုတော့ဘူးလေ။

"ဟူး..."

သက်ပြင်းတွေချရင်း ဖတ်လက်စစာအုပ်လေးကိုပိတ်ကာ အိမ်ပြန်ဖို့ပြင်လိုက်သည်။ဒီနေ့ဂျူတီမရှိဘူးလေ။
အဖြူရောင်ကုတ်လေးကိုဖွေးသန့်နေအောင် ဝတ်ဆင်တက်တာ ပိုင့်ရဲ့အကျင့်လေးတစ်ခုပင်ဖြစ်သည်။တည်ပင်အောက်ကနေ ရပ်ကြည့်နေတတ်တဲ့ အရိပ်လေးတစ်ခုကိုတော့ ပိုင်ဘယ်တုန်းကမှမမြင်ခဲ့ပေ။

"ဟင် ဒီနေ့သယ်စရာပစ္စည်းတွေများလှပါလား။"

ရှေ့ထွက်တော့မယ့်ခြေလှမ်းတွေကို အလျှင်အမြန်ဘဲရပ်တန့်လိုက်သည်။ဒီအတိုင်းလေးဘဲငေးကြည့်ခွင့်ရရင်ကိုကျေနပ်ပါပြီ။ကိုယ့်အဖြစ်ကလည်း ရယ်စရာကောင်းသား ကိုယ်မြတ်နိုးပါတယ် ချစ်ပါတယ်ဆိုတဲ့လူသားတွေက ကိုယ့်အနားကနေအဝေးကိုဘဲထွက်သွားကြတာ။

"ဒေါက်တာ ဒေါက်တာ။"

"ဟင်"

"ဟူး...မောတာ ဒေါက်တာလေးကလမ်းလျှောက်တာမြန်လိုက်တာဗျာ ကိုယ်တော့နှလုံးသားလေးအမောဖောက်သွားပြီ။"

"ဒါဆိုလည်း နှလုံးဌာနမှာဆရာဝန်တွေရှိတယ် သွားစစ်ချည်လေ။"

ပိုင်လေ ဒီတစ်ယောက်ကိုသိပ်အမြင်ကပ်တာဘဲ။ပိုင့်အနားကိုရောက်ကာ စကားတွေရေပက်မဝင်အောင်ပြောပြီး လိုက်နှောင့်ယှက်နေခဲ့သည်မှာ လွန်ခဲ့သောသုံးလကတည်းကပင်ဖြစ်သည်။

"ဟာဗျာ ဒေါက်တာလေးကလည်းရက်စက်လိုက်တာဗျာ။"

"ဒီမယ် ကျွန်တော့်မှာတခြားကိစ္စတွေရှိသေးတယ်။"

I will always be here for you(Completed)Where stories live. Discover now