"ဟာကွာ ဖဲကလည်းမကောင်းလိုက်တာ။"နာရေးအိမ်မှာ နေ့လည်ခင်းဖဲရိုက်နေကြသော လူငယ်တစ်စုဘေးတွင် မိဂျမ်းမှာဆေးလိပ်တိုကိုကိုက်လျက် ဒူးတစ်ဖက်ထောင်ထားသောအနေအထားနဲ့ မျက်လုံးတွေကဝေ့ဝိုက်ကာ ဘယ်အိမ်ဖဲကောင်းလဲဆိုတာရှာနေသည်။သူ့ရဲ့ဖဲချပ်လေးနှစ်ချပ်ကို ပြုံးပြုံးလေးကချလိုက်ပြီး...
"ဟင်းဟင်း မိဂျမ်းတို့ဒီဝိုင်းကိုသိမ်းပြီနော်။"
"ဟားဟား သေချာရဲ့လားမိဂျမ်း ငါ့ဖဲကိုလည်းကြည့်လိုက်ပါအုံးဟ။"
ပိုက်ဆံတွေသိမ်းဖို့ရာပြင်နေတဲ့ မိဂျမ်းကိုလှောင်ကာ မျက်နှာချင်းဆိုင်က ကျော်ဗညားကသူ့ဖဲချပ်ကိုချပြလိုက်သည်။
"ဟားဟား စိတ်မကောင်းပါဘူးဗျာ။"
ရှမ်းကိုးမီးဖဲဝိုင်းမှာ မိဂျမ်းက၈ပေါက်နဲ့winပြီထင်ခဲ့ပေမယ့် တစ်ဖက်ကကျော်ဗညားက9ပေါက်နဲ့တစ်ဝိုင်းလုံးကိုသိမ်းလိုက်နိုင်သည်။သေချာပေါက် မိဂျမ်းမှာအခဲမကြေနိုင်ပေ။
ရှေးကတော့ဖခင်ရဲ့ ဝိညာဉ်ခေါ်ထားတဲ့နေရာမှာထိုင်ကာ ခုချိန်ထိသူ့အဖေဆုံးတယ်ဆိုတာကိုလက်မခံနိုင်သေးပေ။
"အဖေရာ ရှေးကိုဘာလို့တစ်ယောက်ထဲထားခဲ့ရတာလဲအဖေမရှိဘဲရှေးမနေချင်ဘူးဘာကြောင့်ရှေးကိုပါခေါ်ခေါ်မသွားခဲ့တာလဲဗျာ။"
"ဟာ နားညီးလိုက်တာသေတဲ့သူကသေနေပြီ ရှေးခေတ်နင့်ပါးစပ်ကိုပိတ်ထားစမ်း ဖဲကမကောင်းရတဲ့ကြားထဲဒင်းကတစ်မျိုး။"
မိဂျမ်းအော်သံကြောင့် ရှေးခမျာအိမ်ပေါ်ကနေကိုယ်လုံးလေးပါတုန်သွားရသည်။ဪ အဖေ့အတွက်ငိုရတာတောင်မလွတ်လပ်တဲ့ဘဝပါလား ဘဝကြီးကခါးလိုက်တာ ရှေးလဲအံကြိတ်ကာ ယူကြုံးမရဖြစ်ရေလသည်။
"တောက် မိဂျမ်း ညည်းငါ့တူကိုအော်စရာမလိုဘူး။"
"ဪ ရောက်လာပြီလား တော့်တူအပေါ်မှာရှိတယ်ကျုပ်ကတော့ဧည့်ခံဖို့မအားဘူး။"
အိမ်အောက်ကနေဒေါ်လေးအသံကြားလိုက်တယ်။ဟုတ်တယ် ဒေါ်လေးမှုံနေမှာရှေးလည်းထိုင်နေရာကနေထကာ အိမ်အောက်ဆင်းမယ်အလုပ် ဒေါ်လေးမှုံနဲ့ဆုံလေသည်။
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။