Part_8🌹

2.4K 76 18
                                    


"လွှမ်း မင်းရှေးခေတ်ကို စိတ်ဝင်စားနေတာလား။"

ကိုလင်းမေးလာသောကြောင့် လွှမ်းမှာဘယ်လိုဖြေရမလည်းမသိပေ။

"မဟုတ်ဘူး။"

"ဒါဆို မင်းကငါလိုက်မယ်ဆိုတော့လည်းလက်မခံဘူး ဘာလဲ။"

"မလိုက်ရဘူး ရှေးခေတ်ကငါ့လူ။"

ဟိန်းသစ် တစ်ယောက်မနေနိုင်စွာနဲ့ဘဲဝင်ပြောရပြန်ပြီ။

"လွှမ်း မင်းဟာကရှေးခေတ်ကို မကြိုက်ဘူးလည်းပြောသေးတယ် ဘာလဲကွာ။"

"အေး !အဲ့ကောင်က ငါ့ကိုဆိုဆက်ဆက်ထိမခံလို့ကို ငါကရအောင်ယူချင်တာ။"

"ဟာ အဲ့လိုလည်းမဟုတ်သေးဘူးလေ။မင်း ရှေးခေတ်ဘက်လည်း ပြန်ငဲ့ဦးကွ။"

"မလိုဘူး ဟိန်း ငါသူ့ကိုရအောင်ယူပြမယ် ကြည့်နေ။"

ကိုလင်းနဲ့ဟိန်းမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးဘဲ ဘာမှဆက်မပြောလာတော့ပေ။

လွှမ်း မင်း ရှေးခေတ်ကို တစ်ကယ်ချစ်ရင်ငါနောက်ဆုတ်ပေးမှာပါ။မင်းတစ်ကယ်မချစ်ဘဲ ရှေးခေတ်အပေါ် အနိုင်လိုချင်ရုံ သက်သက်ဆို ငါရှေ့ဆက်တိုးမှာသူငယ်ချင်း မင်းကိုအခွင့်အရေးတစ်ကြိမ်ပေးမယ်။
****************
'အစ်ကိုရေ ရှေးတို့ဒီနောက်ပိုင်းတွေထပ်မဆုံဖြစ်တော့ဘူးနော်။ရှေး ဒုက္ခရောက်တိုင်း အစ်ကိုကအမြဲကူညီပေးတယ်။နောက်တစ်ခါပြန်တွေ့ရင် ရှေးကိုထားမသွားပါနဲ့တော့ ကျေးဇူးတင်စကားလေးပြောခွင့်ပြုပါ။
ရှေးလေ အစ်ကို့ကိုမြင်ဖူးချင်လိုက်တာ သိလား။ဒါပေမယ့်လှည့်ကြည့်လိုက်တိုင်း အစ်ကို့ကျောပြင်ကိုဘဲမြင်လိုက်ရတယ်။ဪ ပြီးတော့ အစ်ကို့ဘယ်ဘက်လက်ဖျံကမြွေပုံတက်တူးကိုလည်း တွေ့တယ်။အစ်ကို့နာမည်ဘယ်သူလည်းဆိုတာ ရှေးမသိဘူး ဒါပေမယ့် အစ်ကိုက နေရာယူထားနေပြီထင်တယ်။ရှေးလေ အစ်ကို့ကို မမြင်ဖူးပေမယ့် အစ်ကို့ကျောပြင်ကြီးကို အိမ်မက်ထဲထိမြင်နေရတယ်။
ရှေးတစ်ခါမှ မချစ်ဖူးဘူး၊ရင်မခုန်ဖူးဘူး ဒါပေမယ့် အစ်ကို့အကြောင်းကိုတွေးလိုက်မိရင် ရင်တွေခုန်လာတယ်သိလား။အစ်ကို ရှေးက gayတစ်ယောက်လည်းမဟုတ်ဘူး သို့ပေမယ့် အစ်ကို့ကိုချစ်မိနေပြီထင်တယ်။
သတိရတိုင်း အစ်ကို့ဂျာကင်လေးနဲ့ပုဝါအဖြူလေးကိုထုတ်ထုတ်ကြည့်မိတယ်။ပြန်တွေ့ခဲ့ရင် ပုဝါလေးတော့ရှေးယူထားပါရစေ။အမှတ်တရပေါ့ အစ်ကို့ကို ရှေးချစ်နေရရင်ကိုနေပျော်ပါပြီ ရှေးအစ်ကို့အပေါ် မရိုးသားခဲ့တာကို ဘယ်တော့မှအစ်ကိုသိအောင်ထုတ်မပြတော့ဘူး။ဘာလို့ဆို ရှေးကိုအထင်သေးမှာ ကြောက်လို့
အစ်ကို့မျက်နှာလေးကို တစ်ခါလောက်တွေ့ဖူးချင်လိုက်တာ။'

I will always be here for you(Completed)Where stories live. Discover now