Part_28🌹

1.1K 38 0
                                    


"ကျစ်"

ထိုးကိုက်နေတဲ့ခေါင်းကြောင့် နားထင်နှစ်ဖက်ကိုလက်နဲ့ဖိညစ်ကာ လေးလံနေတဲ့မျက်ခွံတွေကို အားယူပြီးဖွင့်ကြည့်လိုက်ချိန် ပထမဆုံးမြင်တွေ့လိုက်ရတာက ကြက်ဥနှစ်ရောင်မျက်နှာကျက်ကြီးပင်။ကိုယ်ပိုင်အိပ်ခန်းမဟုတ်တာကြောင့် ထ မယ်ပြင်တုန်း လက်မောင်းတစ်ဖက်မှာလေးလံနေပြီး သူ့ခန္ဓာကိုယ်ကိုလည်း တစ်စုံတစ်ယောက်ကဖက်ထားခြင်းခံနေရသည်။ဘေးဘက်ကိုကြည့်လိုက်ချိန် အိပ်ပျော်နေသော သော်သော့်ကိုတွေ့လိုက်ရသည်။

"ဟင်"

"အင်း ကိုလွှမ်း။"

လန့်ပြီး ရုန်းထလိုက်ချိန် သူ(မ)ပါနိုးသွားခဲ့သည်။

"မင်း မင်း ဘယ်လိုလုပ်....ရှေး..."

"ကိုလွှမ်း ညကအရမ်းမူးနေတော့ သော်လည်း barက VIP room ကိုဘဲယူလိုက်တာ။"

"မင်း အောက်တန်းကျလှချည်လား ဟမ်။ဘာဘဲဖြစ်ဖြစ် အိမ်ကိုဖုန်းဆက်လို့ရနေတာဘဲ။"

ပြောကာမှ ဖုန်းကိုသတိရပြီး ကုတင်မှကုန်းထ၍ဖုန်းကိုလိုက်ရှာတော့ ဆိုဖာကသူ့အဝတ်အစားတွေအောက်မှာတွေ့ပေမယ့် စက်ပိတ်ထားသည့် ဖုန်းကြောင့်လူကဒေါသပိုဖြစ်ရသည်။

"Sorry ကိုလွှမ်း ရှင့်ကို သော့်အပိုင်လို့သတ်မှတ်ပြီးရင် လွယ်လွယ်နဲ့လက်မလျော့ပေးနိုင်ဘူး။"

"တောက် မင်းယုတ်မာလှချည်လား။မင်းကိုယ်မင်း မိန်းမဆိုတာကော ထည့်တွက်သေးလား။"

"ဟင်းဟင်း ကိုလွှမ်းရယ် သော်နဲ့ရှင်က ခုမှဆက်ဆံဖူးတဲ့သူတွေမှမဟုတ်တာ။"

"အရင်က မင်းနဲ့ငါဘယ်လိုပက်သက်ခဲ့ပက်သက်ခဲ့ မင်းကို လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းကမေ့ထားခဲ့တာ။ထပ်ပြောမယ် မင်းကိုငါမချစ်ခဲ့ဘူး။ငါချစ်တာ ရှေး၊ဟုတ်တယ် ရှေးခေတ်ဆိုတဲ့ ကလေးကိုဘဲငါချစ်ခဲ့တာ မင်းမြဲမြဲမှတ်ထား။"

စိတ်လိုက်မာန်ပါ အော်ဟစ်ပြီးတာနဲ့ အခန်းပြင်ထွက်လာခဲ့သည်။အိမ်ကိုမြန်မြန်ပြန်ရမယ် ရှေးရဲ့အထင်လွှဲမှု့တွေကိုမလိုလားဘူး။

"တောက် ရှေးခေတ် ရှေးခေတ် အေး ငါဆိုတာလည်း ငါပိုင်တဲ့အရာကို မရရအောင်ယူတက်တယ်ဆိုတာသိထား။လွယ်လွယ်နဲ့ ထည့်ပေးလိုက်မယ်မထင်နဲ့။"

I will always be here for you(Completed)Where stories live. Discover now