အနှစ်(၂၀)ကြာပြီးတဲ့နောက်...
ခါတိုင်းနေ့တွေကထက် ဒီနေ့မှာတော့ တော်ဝင်လွှမ်းစံအိမ်ကြီးမှာ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။တရုတ်နိုင်ငံကနေ ကျောင်းတက်ပြီးပြန်လာကြမယ့် အမွှာလေးတွေကိုကြိုဆိုရမယ့်နေ့ဖြစ်တာကြောင့် အိမ်ရှိလူအားလုံးမှာ ရှင်းလင်းနေအောင်ပြင်ဆင်နေကြသည်။
"အစ်ကို သားလွှမ်းကိုဖုန်းဆက် ဖုန်းဆက် ခေတ်လေးက ထောပတ်သီးသိပ်ကြိုက်တာ သန်းသန်းကမဝယ်လာခဲ့ဘူး။အဲ့တာ သားကိုလှမ်းမှာလိုက်ဦး။ ဪ ပြီးတော့ တော်ဝင်လေးအတွက်ပန်းသီးလှလှကြီးကြီးတွေဝယ်ခဲ့လို့ ဈေးအကြီးဆုံးအကောင်းဆုံးအသီးတွေကိုရွေးဝယ်ခဲ့လို့ပြောလိုက်နော်။"
ဒေါ်တော်ဝင်နွယ်မှာ အားလုံးထက်ပိုပြီးစိတ်လှုပ်ရှားနေရသည်။မြေးတွေအကြိုက်ကို သန်းသန်းကမဝယ်လာလို့စိတ်ဆိုးသော်လည်း ဒီအချိန်မှာမဆူအားသေးဘူး။
"ဖုန်းမကိုင်ဘူး နွယ်ရေ။"
"လွှမ်းကလေ အရေးအကြောင်းဆို ဘာလုပ်နေမှန်းကိုမသိတာ။ သားငယ် ဖုန်းကိုခေါ်ကြည့်ပေးဦး အစ်ကို။"
"တီ....လူကြီးမင်း..."
"မကိုင်ကြဘူး ဒီကလေးတွေဘာများလုပ်နေကြလို့လည်း။"
"ခက်ပါတယ် နေပါစေတော့ သာထက်ရေ ကားအဆင်သင့်ပြင်တော့။ ကျွန်မဘာသာဘဲ သွားဝယ်တော့မယ် ထွေးမှုံ မမနွယ်နဲ့လိုက်ခဲ့နော်။"
"ဟုတ်"
ပိုက်ဆံအိတ်ကိုဆွဲကာ ခြေလှမ်းသွက်သွက်နဲ့ အိမ်ထဲကထွက်သွားတဲ့ ဇနီးဖြစ်သူကိုကြည့်ကာ ဦးသီဟလွှမ်းမှာ ရယ်ချင်စိတ်တောင်ဖြစ်နေသည်။မရယ်ရက်ပါဘူး ကိုယ်လည်း မြေးတွေကိုအရမ်းချစ်တာမို့ အခုလည်းမျှော်နေရတာ လည်ပင်းရှည်နေပြီ။
"ဟင် အမေတို့ဖုန်းတွေခေါ်ထားတာဘဲ ဘာကိစ္စများပါလိမ့်။"
ရှေးကပြန်ဆက်တော့ အဖေကကိုင်ကာရှင်းပြလာသည်။
"ဘာတဲ့လဲ ကလေး။"
"ဪ သားတို့အတွက်အသီးမှာမလို့တဲ့ ဖုန်းဆက်မရတာနဲ့ အမေနဲ့ဒေါ်လေးကိုယ်တိုင်သွားဝယ်ကြပြီတဲ့လေ။"
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။