Part_17🌹(🔞)

3.3K 68 0
                                    


(19.3.2022)ဒီနေ့လေးဟာ လွှမ်းနဲ့ရှေးတို့ရဲ့ လက်ထပ်ပွဲနေ့လေးဖြစ်သည်။

'တော်ဝင်လွှမ်းစံအိမ်'ကြီးမှာ ယနေ့မှာတော့လူစည်ကားလျက်ရှိနေသည်။သံဃာတော်တွေကို အိမ်သို့ပင့်ဆောင်ကာ ရပ်မိရပ်ဖများနှင့်တကွ ဆွေမျိုးတစ်ချို့နှင့် စံအိမ်ကြီးမှာ မင်္ဂလာဆွမ်းကပ်ပွဲလေးလုပ်ဖြစ်သည်။

သတို့သားနှစ်ဦးမှာ ပိုးပုဆိုးပုစွန်ဆီရောင်နုနုလေးတွေနှင့် စတစ်ကော်လံပေါ်မှတိုက်ပုံအရောင်နုနုတို့မှာ ကျောက်တွေစီခြယ်ထားပြီး ရွှေသားအစစ်နှင့်ကနုတ်ပုံကပါသေးသည်။အချစ်ဆုံးသားတွေရဲ့ မင်္ဂလာပွဲမို့ ဒေါ်တော်ဝင်နွယ်မှာ ဝတ်ဆုံကိုစိတ်ကြိုက်ဖန်းတီးထားသည်။

အဝတ်အစားလဲပြီး မှန်တင်ခုံရှေ့ထိုင်ကာ နဖူးပြင်ပေါ်ဖြာကျနေသည့် ဆံသားတို့ကို ဆီလိမ်းကာ သေသေသပ်သပ်လုပ်နေသည့် ရှေးကို နံရံကိုကျောမှီကာ အရှေ့တည့်တည်းကနေ မျက်တောင်မခတ်စတမ်းကို စိုက်ကြည့်နေသည်။

"ခင်ဗျား ပြီးရင် အခန်းထဲကထွက်သွားတော့ ရှေးပြီးရင်လိုက်ခဲ့မယ်။"

"ကိုယ့်သတို့သားလေးက အရမ်းချစ်ဖို့ကောင်းတာလေ ပြီးမှအတူတူသွားမယ်။"

"ဟင်"

ဘာလဲ ခင်ဗျားရယ်...

ဆက်ပြောနေလည်း ဘာမှမထူးတာကြောင့်လုပ်စရာရှိတာဆက်လုပ်နေလိုက်သည်။အနှီးလူသားကတော့ ဘယ်ချိန်ကတည်းကများထပြင်ဆင်ထားလည်းမသိဘူး။ရှေးရေမိုးချိုးပြီး အဝတ်အစားလဲနေချိန်မှာ သူကအားလုံးအဆင်သင့်ဖြစ်နေပြီလေ။

မှန်ထဲကနေမြင်နေရတဲ့လွှမ်းရဲ့ပုံကိုကြည့်မိတော့ ဆံပင်တွေကိုဂျယ်လ်သုံးကာ ယောကျာ်းပီသသောနဖူးပြင်ကို ပြောင်ရှင်းနေအောင်လှန်ဖြီးထားသည်။ခြောက်ပေကျော်အရပ်ကြီးက ပုဆိုးနဲ့တိုက်ပုံဝတ်လည်း လိုက်ဖက်နေပြန်ရော။ထူထူထဲထဲမျက်ခုံးတန်းကြီးက အမြဲတမ်းကျုံ့ထားတတ်သည်။

နှာတံထင်းထင်းနဲ့ မေးရိုးကားကြီးကြီးတွေက လုံးဝပြိုင်စံရှားပင်။ဆေးလိပ်သောက်လို့အနည်းငယ်ညိုနေတဲ့ နှုတ်ခမ်းထူထူတွေက ထောင့်စွန်းလေးတွေကွေးနေအောင် ပြုံးနေပြန်သေးတယ်။ဒီမျက်ဝန်းပြာတွေရဲ့အကြည့်တွေကိုတော့ ရှေးမှာရင်မဆိုင်ရဲခဲ့။

I will always be here for you(Completed)Where stories live. Discover now