ကိုလင်း တောင်ဆေးရုံတက်နေတာတစ်ပါတ်ရှိခဲ့ပြီ။စိတ်ချလို့ရတဲ့ အနေအထားမှာမို့ special nurseငှားထားပြီး 24 hoursစောင့်ကြည့်ခိုင်းထားသည်။ဒါပေမယ့် အလှည့်ကျစီရောက်လာစမြဲမို့ ကိုလင်းအတွက် အားကိုးရာလည်းဖြစ်သည်။"အစ်ကို ကျွန်မကိုဆေးရုံအုပ်ကြီးက ခေါ်ထားလို့ခဏသွားလိုက်ဦးမယ်နော်။"
"ဪ ဟုတ် သွားပါဗျ။ကျွန်တော့်ကို မပူနဲ့စိတ်ချနော်။"
"ဟုတ်ကဲ့ ကျေးဇူးပါရှင့်။"
Nurseမလေးက ကိုလင်းအားနှုတ်ဆက်ပြီး အခန်းအပြင်ထွက်သွားသည်။ဘာရယ်မဟုတ်ပေမယ့် သူစိမ်းမိန်းမတစ်ယောက်က ကိုယ့်အနားအချိန်ပြည့်ရှိနေတာ ကိုလင်းအတွက် အနေခက်စေသည်။
လေပူတွေကို မှုတ်ထုတ်လိုက်ပြီး စိတ်ပြေလက်ပျောက်ဖြစ်အောင် ရှေး ပေးထားတဲ့ စာအုပ်ကိုဖတ်နေလိုက်သည်။ဘုရားတရားသမားလေးဆိုတော့ ပေးလာတဲ့စာအုပ်က ဘာသာရေးတရားအကြောင်းအရာတွေဆိုတာ ဧကန်မလွှဲပေ။တစ်သက်နှင့်တစ်ကိုယ် ဒါမျိုးတွေမဖတ်ဘူးပေမယ့်လည်း ဆက်ဖတ်နေလိုက်သည်။
"ဒေါက် ဒေါက်"
အခန်းတံခါးခေါက်သံကြောင့် ဘယ်သူလဲဆိုကာ သိချင်လာလို့ လှမ်းကြည့်မိသည်။ပထမဆုံးမြင်လိုက်ရတာက ကတ္တီပါဖိနပ်အနက်ရောင်လေးနဲ့ခြေဖမိုးဖြူဖြူလေး။
"နှိုးနေတာလား။"
"ဟင်"
အသံချိုချိုလေးနဲ့ အပြုံးချိုချိုလေးက ဒေါက်တာလေးတစ်ယောက်တဲ့လား။အလယ်ကွဲ ဆံပင်လေးကို သေချာပုံသွင်းထားပြီး ဝတ်ထားတဲ့နက်ပြာရောင်ရှပ်အင်္ကျီလေးရယ် ပုဆိုးကွက်စိပ်အမည်းလေးရယ်က လိုက်ဖတ်လွန်းလိုက်တာ။ဂျူတီကုတ်အဖြူရောင်က ဒီလူသားရဲ့ဂုဏ်နဲ့သိက္ခာကို မြှင့်တင်ပေးထားပြန်သည်။
မြင်လိုက်တာနဲ့ဥပတိရုပ်က သန့်ပြန့်နေကာ မနောဖြူတဲ့ ဒေါက်တာလေးတစ်ယောက်ဆိုတာ အပြုံးလေးကသက်သေပြနေသည်။ကိုယ့်ထက်ငယ့်မည့်ပုံ ရှိပေမယ့် ဝတ်စားထားတာလေးက သိပ်ကိုကျက်သရေရှိလှသည်မို့ ကိုလင်းမှာ သူ့ရှေ့ကဒေါက်တာလေးကို အကြာကြီးငေးကြည့်နေမိသည်။
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။