"ရှေး ဒီနေ့ယဉ်စမလာဘူးလား။""ဟုတ် ဦး။"
"ဒါဆို ဦးလိုက်ပို့ပေးမယ် ခနစောင့်လေ။"
"ကျေးဇူးပါ ဦး။"
မနက်စာ စားနေကြရင်း ဘာတွေသဘောကျစရာပါနေတာလည်း။
ရှေးလည်း ကျောင်းသွားဖို့ရာ အိမ်ရှေ့ထွက်ပြီး ဦးသီဟကိုစောင့်နေလိုက်သည်။"အဖေ ရှေးခေတ်ကို ကျွန်တော်ခေါ်သွားလိုက်မယ်။"
"ဟေ!!"
ပြောပြောဆိုဆိုနဲ့လွှမ်းက ဂိုထောင်ထဲကသူ့ရဲ့အသည်းအသက်လေးကိုထုတ်ကာ ရှေး အရှေ့ကိုမောင်းလာခဲ့သည်။
"တက်"
"ဘာလဲ။"
"ကျစ်!အရစ်မရှည်နဲ့ တက်ဆိုတက်လိုက်။"
"ခင်ဗျား အကူအညီမလိုဘူး။"
"ဘာလဲ မင်းကိုအဖေလိုက်ပို့မှကျောင်းသွားမှာလား။သက်သက်မဲ့ လူကြီးကိုဒုက္ခမပေးနဲ့ ရှေးခေတ်။"
"ဦးမအားရင် ကိုယ့်ဘာသာ taxiနဲ့ဘဲသွားမယ်။ခင်ဗျားအကူအညီမလိုဘူး။"
လွှမ်းအား ပြန်ပြောပြီး ကော့ကော့ ကော့ကော့နဲ့ထွက်သွားတဲ့ ရှေးကို စိတ်မရှည်တော့ဘူး။ငါလိုက်ပို့တာ မင်းဘာဖြစ်သွားမှာလည်း။
******************
"ရှေးရယ် ဘာလို့နောက်ကျနေတာလည်း နင့်စောင့်နေတာ ဒီမှာအတန်းချိန်တွေတောင်လွှတ်ကုန်ပြီ။"ထုံးစံအတိုင်း ယမင်းက ပေါက်ပေါက်ဖောက်နေသည်။ယမင်းပြောလည်း ပြောချင်စရာပင် ဒီနေ့မှ ရှေးနောက်ကျရတာ အတန်းချိန်တွေလွတ်တဲ့ထိပင်။ဒါဟိုလူဆိုးကောင်ကြောင့် နောက်ကျရတာ သူ့ဆိုင်ကယ်နဲ့မလိုက်လို့ဆိုကာ taxiငှားမရအောင်လုပ်တော့ တော်တော်လေးနောက်ကျသွားသည်။
"Sorryပါဟာ ငါလည်းနောက်မကျချင်ပါဘူး။"
"အေးပါဟာ ထားလိုက်တော့ ယဉ်ဒီနေ့အတန်းမတက်ချင်ဘူး။လျှောက်သွားရအောင်လေ။"
"ကောင်းသားဘဲ ဘယ်ကိုသွားမှာလည်း။"
"ပထမဆုံးအနီးအနားက ဦးပိန်ကိုသွားမယ်လေ ယမင်းရယ်။"
"ရှေး ရောလိုက်မှာလား။"
"စိတ်ရှုပ်နေတာနဲ့ အတန်းတက်ချင်စိတ်လည်းမရှိဘူး။ရှေးပါ လိုက်ခဲ့မယ်။"
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။