Part_31🌹

1.3K 43 4
                                    


တအိအိနဲ့ငိုရှိုက်နေမိခဲ့တာ တစ်ညလုံးပင်ဖြစ်သည်။နောက်ဆုံးတော့ လိုအပ်သည့်ပစ္စည်းများကို luggageထဲထည့်ကာအောက်ဆင်းလာခဲ့သည်။ဒေါ်လေးအခန်းရှေ့ရောက်တော့ တံခါးမဖွင့်တော့ဘဲ အပြင်ကနေသာ ထိုင်ကန်တော့လိုက်သည်။

"ဒေါ်လေး ရှေးတောင်းပန်ပါတယ်။ဒေါ်လေးကို တစ်ယောက်ထဲထားခဲ့အတွက် ဒေါ်လေးကိုလည်း ရှေးရဲ့ဝမ်းနည်းမှု့တွေထဲဆွဲမထည့်ချင်ဘူး။တစ်နေ့ကျရင်တော့ ရှေး ဒေါ်လေးကိုလာခေါ်ပါ့မယ်။ရှေးကို ဂရုစိုက်ခဲ့တဲ့ဒေါ်လေးကို ကန်တော့ခဲ့ပါတယ်။ရှေးကိုခွင့်လွှတ်နားလည်ပေးမယ်မလား။"

"အဖေနဲ့အမေ ရှေးဒီအိမ်စရောက်ကတည်းက သားအရင်းတစ်ယောက်လိုဂရုစိုက်ပေးခဲ့လို့ ရှေးဝမ်းသာခဲ့ရပါတယ်။ကျေးဇူးလည်းတင်ပါတယ်။ဒါပေမယ့် ရှေးမှာ ဒီအိမ်ကြီးထဲဆက်နေဖို့ရာသတ္တိတွေမရှိတော့ဘူး။အဖေနဲ့အမေရဲ့ကျေးဇူးတွေကို ရှေးတစ်နေ့ဆပ်ခွင့်ရချင်ပါသေးတယ်။ရှေးကို ခွင်လြွှတ်ပါအဖေနဲ့အမေ။"

မိဘလိုသဘောထားပြီးချစ်ရသူ သုံးဦးစလုံးကိုကန်တော့ပြီးချိန်မှာ တော်ဝင်လွှမ်းစံအိမ်ကြီးကနေ ထွက်လာခဲ့သည်။နောက်ဆုံးခြံအပြင် ရောက်ချိန်မှာ အတူနေခဲ့ဖူးတဲ့အခန်းလေးကို တစ်ချက်ပြန်လှည့်ကြည့်နေမိသည်။

"နှုတ်ဆက်ခဲ့ပါတယ် ကိုလွှမ်း ရှေးရဲ့အချစ်တွေကဒီနေရာဒီအချိန်မှာဘဲ ရပ်တန့်ခဲ့ပြီ။"

ကိုလင်းရပ်နေတဲ့ ကားဆီသာ မျက်ရည်တွေနဲ့လျှောက်လာခဲ့တော့သည်။

"မဟုတ်ဘူး မဟုတ်ဘူး ကလေးလေးထွက်မသွားပါနဲ့။ကိုယ့်ကိုမထားခဲ့ပါနဲ့ကွာ ကိုယ်တောင်းပန်ပါတယ်။ထွက်မသွားပါနဲ့..."

မောဟိုက်နေတဲ့အသံတို့နဲ့အတူ ချွေးတွေစိုရွှဲကာ အိမ်မက်ကနေလန့်နိုးလာခဲ့သည်။အဝတ်အစားတောင်မလဲရသေးဘဲ အလုပ်စားပွဲပေါ်အိပ်ပျော်နေတဲ့လွှမ်းမှာ အိမ်မက်ကြောင့် မျက်ရည်တွေပါတစ်ကယ်စီးကျလာခဲ့ပြီး ပင်ပန်းနေသည်။

ဒါအိမ်မက်လား...ဘယ်လိုအိမ်မက်ကြီးလည်း ကလေးလေးနေရောကောင်းရဲ့လား။ကိုယ့်စိတ်တွေဘာကြောင့် လေးနေရတာလည်း။

I will always be here for you(Completed)Where stories live. Discover now