Part_24🌹

1.2K 28 0
                                    


"အစ်ကို ဆေးလေးထိုးရအောင်နော်။"

"အင်း လက်လားဒေါက်တာ။"

"ဟုတ် ဆေးချိတ်ရအောင်လို့လေ အစ်ကိုကအားနည်းနေတယ် အစားပုံမှန်မစားဘူးလား။"

"အင်း!ဘယ်လိုပြောရမလည်း ဆန်ပြုတ်ချည်းနေ့တိုင်းသောက်နေရတော့ မစားချင်တော့ဘူး။"

"အဲ့လိုလည်း ဘယ်ဟုတ်မလည်း အစားပုံမှန်ဝင်အောင်စားမှပေါ့ တော်ကြာဆေးရုံမှာ အကြာကြီးနေနေရလိမ့်မယ်။"

"ဒီဆေးရုံမှာ တစ်သက်လုံးဆိုလည်းနေနိုင်ပါတယ်ခင်ဗျ။"

ဆေးထိုးအပ်ကိုင်ရင်း ဆေးထိုးဖို့ရာပြင်နေတဲ့သုတမှာ အနှောင့်မလွတ်အသွားမလွတ်စကားကြောင့် မျက်နှာလေးမှာနွေးကနဲဖြစ်သွားသည်။သို့ပေမယ့်လည်း အပြုံးမပျက်စွာ လူနာကိုဂရုစိုက်မြဲပင်။

"ပိုင်"

နှစ်ကိုယ်ကြား ကြားရုံမျှလေးတီးတိုးခေါ်လိုက်သည်။အခေါ်ခံလိုက်ရသည့် သုတမှာရင်တွေတလှပ်လှပ်တုန်ပြီး ချက်ချင်းကိုလက်ဖျားတွေအေးစက်သွားခဲ့သည်။

ဟင်း!မနက်က ငါကော်ဖီတွေသောက်တာများသွားလို့များလား။

"ပိုင်...ပိုင်! ကိုယ်ခေါ်တာမကြိုက်လို့လား အဲ့ဒါဆို..."

"ရပါတယ် အစ်ကိုကြိုက်သလိုခေါ်နိုင်ပါတယ်။ကိစ္စမရှိပါဘူး။"

"ဟင်း!ကျေးဇူး ပိုင် ပြီးတော့ အခုလိုကိုယ့်ကိုဂရုစိုက်ပေးနေလို့ကောဘဲ။"

"သေချာတာက အစ်ကို့ရင်ထဲကအသည်းကြောင့်ဆိုပိုမှန်လိမ့်မယ်။အစ်ကို့ရင်ထဲက ရှိတဲ့အသည်းကို ပိုဂရုစိုက်ပေးပါ။"

အခန်းထဲက ထွက်သွားပြီဖြစ်ပေမယ့်လည်း ကိုလင်းမှာ ပိုင်ပြောသွားတာတွေကို နားမလည်ပေ။
ဘာလို့လည်း ဘာကြောင်လည်း ငါ့ရင်ထဲကအသည်းကပိုင်နဲ့ဘယ်လိုပက်သက်တာလည်း။

အင်း ဟိုကောင်တွေလာရင် အကြောင်းစုံကိုသေချာမေးကြည့်ရမယ်။အခုချိန်ထိ ငါ့ရဲ့အသည်းအလှူရှင်ကဘယ်သူလည်းဆိုတာလည်း မသိရသေးဘူး။

"သားငယ်လေး ဒီနေ့အမေစောစောပြန်မယ်နော် သားတစ်ယောက်ထဲဖြစ်ရဲ့လား။"

I will always be here for you(Completed)Where stories live. Discover now