ဒီနေ့တော့အန်တီနွယ်နဲ့ဆိုင်လိုက်သွားမယ်ဆုံးဖြတ်ကာ အဝတ်အစားလဲပြီးဆင်းလာခဲ့သည်။အားလုံးက မနက်စာဝိုင်းမှာလူစုံနေကြပေမယ့် သေချာပေါက်လွှမ်းတစ်ယောက်ကတော့မပါပေ။"အန်တီ ရှေး ဒီနေ့ဆိုင်လိုက်ခဲ့မယ်နော်။"
"သားအဆင်ပြေရဲ့လား အိမ်မှာနားနေပါကွယ်။"
"ရပါတယ်ဗျာ ရှေးကအဆင်ပြေပါတယ်။"
ဒေါ်လေးထည့်လာပေးတဲ့ ကော်ဖီကိုတစ်ငုံသောက်လိုက်ပြီး အရှေ့ကပန်းကန်ထဲမှာလှလှပပစီထားသောမုန့်တစ်တုံးကိုယူကာ စားလိုက်သည်။ဦးသီဟကို ရှေးမှာကြောက်စိတ်ရော အားနာစိတ်ရောစိတ်ကြောင့် မျက်နှာချင်းမဆိုင်မရဲပေ။ဒီပြဿနာက သူစခဲ့တာမဟုတ်ပေမယ့် ခုချိန်ထိမျက်လုံးချင်းဆုံအောင်မကြည့်ရဲခဲ့တာမို့ ခေါင်းကိုငုံ့ပြီးသာ မနက်စာကိုအာရုံပြုထားသည်။
"ခေါင်းကြီးအရမ်းမငုံ့နဲ့လေ သွေးကျပြီးမူးနေမှာပေါ့။"
"ဟင်"
မနက်စာငုံ့စားနေတဲ့ ရှေးမျက်နှာကိုလက်နဲ့မော့ယူစေပြီး နှုတ်ခမ်းမှာပေနေတဲ့ ကိတ်မုန့်အစတစ်ချို့ကို တစ်ရှူးနဲ့ယူကာ သုတ်ပေးလာတဲ့လွှမ်းကြောင့် ရှေးမှာထိုင်ရမလိုထရမလိုနဲ့ သူ့အရှေ့ကလူကြီးတွေကို အားနာစိတ်ရယ် ရှက်စိတ်ရယ်ကြောင့် နားရွက်ဖျားတွေပါမက ပါးတွေပါရဲကာ ပူထူနေခဲ့သည်။
"လွှမ်းမိုက်ည မင်းဆိုင်သွားမှာလား။"
"ဟုတ် ဒီနေ့မသွားလို့မရဘူး shadow တွေရောက်မှာမို့။"
"အဲ့ဒါမင်းကိစ္စ ညနေစောစောပြန်ခဲ့ ညနေခြောက်နာရီ ဧည့်ခန်းမှာလူစုံစေချင်တယ်။"
ပြောစရာရှိတာပြောပြီး ပထမဆုံး ထ ထွက်သွားသည့် ဦးသီဟကို ရှေးမှာမော့၍ပင်မကြည့်ရဲခဲ့။
"ရှေး ညနေအဖြေက ကိုယ့်ကိုပျော်ရွှင်စေမှာလား။"
သူ့အား လေးလေးနက်နက်ကြည့်ကာ ပြောလာပေမယ့် ထိုအကြည့်တို့ကို မျက်ကွယ်ပြုကာ အန်တီနွယ်ကိုသာနှုတ်ဆက်ပြီးထွက်လာခဲ့သည်။
"အန်တီနွယ် ရှေး ဆိုင်သွားနှင့်မယ်နော်။"
အမေနဲ့သူ နှစ်ယောက်တည်းကျန်ခဲ့တဲ့မနက်စာဝိုင်းမှာတိတ်ဆိတ်လျက်ပင်။သားတော်မောင်ရဲ့ ဝမ်းနည်းမှု့ကိုပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းဖြစ်သည်။
စိတ်မပါလက်မပါနဲ့ ကော်ဖီတစ်ငုံသောက်ပြီး ရှေးသောက်ခဲ့တဲ့ ကော်ဖီခွက်လေးဆီအကြည့်တွေကစူးစိုက်နေသည်။
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။