Part_12🌹

1.7K 51 0
                                    


ဒီတစ်ခေါက် ခင်ဗျားခရီးထွက်သွားတာကြာလိုက်တာဗျာ။ခရီးတွေဆက်တိုက်ထွက်နေပြီး အိမ်ပြန်မလာတာငါးနှစ်တောင်ကြာခဲ့ပြီ။ဘာလဲဗျာ လူကိုချစ်တယ်ပြောပြီး အဲ့နေ့ကဘဲခင်ဗျားထွက်သွားခဲ့တာ ယနေ့အချိန်ထိဘဲ။ခင်ဗျား အချစ်ကဘယ်လိုများလည်းဗျာ...

ရေးလက်စ ဒိုင်ယာရီလေးကိုပိတ်ကာ ဆိုင်သွားဖို့ပြင်ဆင်လိုက်သည်။အဝတ်လဲတဲ့ချိန်တိုင်း တွေ့နေရတဲ့ သားရေဂျာကင်လေးကို မြင်တိုင်းပြုံးနေတက်တာ သူကိုယ်တိုင်တောင်သတိမထားမိခဲ့ဘူး။အချိန်တွေသာပြောင်းသွားတယ် ရှေးကခုချိန်ထိမပြောင်းလဲဘူး ပုံမှန်အတိုင်းဘဲပြင်ဆင်ကာ အောက်ဆင်းလာသည်။

"ဒေါ်လေး ရှေး ကူမယ်လေ။"

"အမလေး ပြီးနေပါပြီရှင်"

"ရှေးလေး"

"ဗျာ အန်တီနွယ်"

ပန်းနုရောင်ဇာရင်ဖုံးလေးနဲ့လိုက်ဖက်စွာ ချိတ်လိုင်းကြီးကြီးပန်းဆီရောင်ထဘီကို ဝတ်ဆင်ထားပြီးနောက်တွဲဆံထုံးလေးနဲ့ လှနေသည့်အန်တီနွယ်က အသက်၅၀ဆိုတာဘယ်သူယုံမှာလည်း။

"ဒီနေ့ အန်တီဆိုင်မလာတော့ဘူး ဖွင့်ပွဲလေးတစ်ခုတက်စရာရှိနေလို့။"

"ဟုတ်ကဲ့ ဒါဆို ဒေါ်ချိုဇင်ရောက်လာရင် အဆင်ပြေအောင်လုပ်ပေးလိုက်မှာမို့ အန်တီနွယ်စိတ်ချလက်ချသွားနော်။"

"ဟုတ်ပါပြီကွယ် ရှေးလေးက အရမ်းအားကိုးရတာဘဲ။အန်တီသားလေးသာဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။"

"မင်းကလည်း ခုလည်းရှေးက မင်းရဲ့သားမဟုတ်ဘူးလား။"

"ဟုတ်တယ်နော်။"

အန်တီနွယ်တို့က သွေးရိုးသားရိုးပြောနေပေမယ့် ရှေးမှာအနေခက်နေသည်။ဟုတ်တယ်လေ သူတို့သားက လူကိုချစ်တယ်လို့ပြောထားခဲ့တဲ့ဥစ္စာ။

ဆိုင်ရောက်တာနဲ့အလုပ်နဲ့လက်မပြတ်ပေ။ဝန်ထမ်းတွေကလည်း ရှေးဆိုအားလုံးကဝိုင်းချစ်ကြတာမို့အလုပ်လုပ်ရာမှာ ပျော်ရွှင်နေကြပြီး ပိုပြီးလည်းအလုပ်တွေပြီးစေသည်။ထိုင်းပိုးအလိတ်တွေကို ကိုက်ဖြတ်နေကြရင်း ရှေးကလိုက်ဖက်မည့်အရောင်တွေစပ်နေသည်။

I will always be here for you(Completed)Where stories live. Discover now