အမွှာလေးတွေရဲ့ ရက်တစ်ရာပြည့်မွေးနေ့မင်္ဂလာပွဲလေးပင်ဖြစ်သည်။မနက်စောစောကို ဘုန်းကြီးကျောင်းမှာဆွမ်းကပ်ကာ ရေစက်ချတရားနာကြသည်။နေ့လည်ခင်းဘက်မှာတော့ လှူနေကျမိဘမဲ့ကျောင်းလေးမှာ ကလေးတွေအတွက်အာဟာရဒါနနဲ့လိုအပ်သည့်ပစ္စည်းများကို လှူဒါန်းကြသည်။
"သား သားငယ်လေးရော။"
"စောနက ဂေဟာမှူးနဲ့စကားပြောနေတာလေ။"
"အေး အမေမတွေ့လို့ ပေးပေး သမီးလေးကိုအမေ့ပေး သားငယ်လေးကို သွားရှာချည်ဦး။"
"ဟုတ်။"
ဂေဟာမှူးနေတဲ့ ရုံးခန်းဘက်ထွက်လာခဲ့လိုက်သည်။လှူစရာရှိတာတွေ လှူပြီးလို့ ပြန်တော့မယ့်ဟာကို ရှေးကဘယ်ရောက်သွားမှန်းမသိပေ။ရုံးခန်းရောက်လာတော့လည်း တစ်ယောက်မှရှိမနေပေ။
"ဟင် ဘယ်များသွားလိုက်တာပါလိမ့်။"
"ဟို ဒီကအစ်ကိုလွှမ်းမိုက်ညလား ရှင့်။"
"ဟုတ်ကဲ့"
ရုံးခန်းရှေ့ ရပ်နေတုန်းကောင်မလေးတစ်ယောက်ကလာမေးခြင်းဖြစ်သည်။
"ဟို အစ်ကိုရှေးခေတ်က မွေးကင်းစကလေးလေးတစ်ယောက် နေမကောင်းလို့ပြုစုပေးနေတာ အစ်ကို့ကိုခေါ်ခိုင်းလိုက်လို့။"
"ဪ ဟုတ် ဒါဆိုသွားစို့လေ။"
ကလေးသေးသေးလေးတွေထားတဲ့အဆောင်ဘက် အမြန်လျှောက်လာခဲ့သည်။မြင်နေကြားနေရတဲ့ ငိုသံအဲ့အဲ့လေးတွေကြောင့် စိတ်ထဲမှာ ဝမ်းနည်းမှု့ကကြီးစိုးလာသည်။အရင်က ကလေးတွေကိုမချစ်တက်ခဲ့ဘူး မကြင်နာတက်ခဲ့ဘူး ဒါပေမယ့်အခုချိန်တော့ ကလေးငိုသံတွေကိုတောင် မကြားရက်တော့ပေ။
မိဘရင်ခွင်မှာ ခိုလှုံရမယ့်အရွယ်လေးတွေက သူစိမ်းတွေရဲ့ရင်ခွင်ထဲမှာ အော်ငိုနေတဲ့ပုံစံတွေကြောင့် လွှမ်းရင်ထဲနင့်နေအောင်ခံစားနေရသည်။တစ်စပ်တည်းမှာဘဲ သားနဲ့သမီးရဲ့မျက်နှာကိုလည်း မြင်ယောင်လာသည်။
"အင်း ဒယ်ဒီကလေးတွေကို ဒယ်ဒီအစွမ်းကုန်ချစ်ပေးမယ်။"
အခန်းထဲဝင်လိုက်တော့ တဝါးဝါးအော်ဟစ် ငိုနေတဲ့ကလေးလေးကို nurseရဲ့လက်ထဲကနေ ေရှးကညင်ညင်သာသာလေးလွှဲပြောင်းယူပြီး အသည်းအသန်ငိုနေတဲ့ကလေးလေးကိုရင်ခွင်ထဲထည့်လိုက်တော့ ချက်ချင်းကိုအငိုတိတ်သွားသည်။
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။