Part_29🌹

1K 36 0
                                    


ငိုနေတဲ့ ရှေးကိုယ်လုံးလေးကို အလိုက်သင့်လေးဖက်ထားပေးကာ ကျောပြင်လေးကိုခပ်ဖွဖွပုတ်ပေးနေမိသည်။

"ရှေး ဘာတွေဖြစ်နေတာလည်း ကိုယ့်ကိုပြောပြဦး။"

"ဟင့်!ကိုလွှမ်းလေ..."

"ဟင် အဲ့ကောင်ရှေးကိုဘာလုပ်လိုက်တာလည်း။"

ဘာစကားမှထပ်မဆိုလာဘဲ တအိအိနဲ့ငိုရှိုက်နေတဲ့ ကလေးကို ကိုလင်းမှာသနားမိတာအမှန်ပင်။နောက်ဆုံးမှာ ဆေးခန်းထဲကတွဲခေါ်လာပြီး ရှေးရဲ့ဆိုင်ကယ်ကိုသူကိုယ်တိုင်မောင်းပြီး နီးစပ်ရာ caféဆိုင်လေးဆီဝင်လိုက်သည်။

ဆိုင်ရောက်တော့လည်း ပြောမလာဘဲ အပြင်ဘက်ကိုသာငေးရင်း မျက်ရည်တွေကျနေပြန်သည်။နောက်ဆုံးမနည်းကိုချော့ပြီး မေးလာမှဖြစ်ကြောင်းကုန်စင်ကို ငိုရင်းရှိုက်ရင်းပြောလာသည်။ကိုလင်းမှာ နားထောင်နေရင်းအသားတွေတောင် တဆတ်ဆတ်တုန်လို့ပင်။

"တောက် ဒီကောင်လူရော ဟုတ်ရဲ့လား။"

"အီး ဟီး...အင့်။"

"မငိုနဲ့ရှေး ဒီကောင့်အတွက်ရှေးမျက်ရည်ကျစရာမလိုဘူး။ဒီကောင့်ကို ကိုကြီးပြောမယ်။"

"အင့်!ထားလိုက်ပါကိုကြီးရယ် သူမှရှေးအပေါ်တစ်ကယ်မချစ်ခဲ့တာဘဲကို။"

"ရှေး...ရယ်..."

ဒီကလေးလေးကို ခုချိန်မှာတော့ သူသိပ်သနားနေမိသည်။ဘယ်လိုပုံစံနဲ့နှစ်သိမ့်ပေးရမလည်း။

"ကိုကြီး ရှေးမှာ ကလေးရှိနေတဲ့အကြောင်း ဘယ်သူ့ကိုမှမပြောပါနဲ့နော်။ရှေးတောင်းဆိုတာပါ။"

"အင်းပါ ကိုယ်မပြောဘူး။ခုတော့အိမ်ပြန်ကြရအောင် နေလည်းကောင်းတာမဟုတ်ဘူးမလား။"

ရှေးကို အိမ်ထိရောက်အောင်ဂရုတစိုက်နဲ့သေချာလိုက်ပို့ပေးခဲ့ပြီး အန်တီတို့နဲ့လည်းစကားလက်ဆုံးကြနေမိသည်။ရှေးနေမကောင်းလို့ ဂရုစိုက်ပေးဖို့လည်းမှာခဲ့ရင်း ကိုလင်းလည်းနှုတ်ဆက်ကာ ပြန်သွားတော့သည်။

"သားငယ် သက်သာရဲ့လား အမေ ဆရာဝန်ခေါ်လိုက်မယ်လေ။"

"နေပါစေတော့အမေ ရှေး ဆေးခန်းဝင်လာခဲ့ပြီးပြီ။သွေးအားနည်းရုံတင်လေးပါ ဘာမှမဖြစ်တော့ပါဘူး။"

I will always be here for you(Completed)Where stories live. Discover now