Part_21🌹

1.7K 38 0
                                    


လူနာကုတင်ထက်မှာ နွမ်းလျစွာ လဲှလှောင်းနေတဲ့ကိုလင်းတစ်ယောက် ခုချိန်ထိသတိမရသေးပေ။အောက်ဆီဂျင်ပိုက် တန်းလန်းနဲ့ကိုလင်းပုံစံကို မြင်ရတာရင်ထဲမှာနာကျင်ရသည်။တစ်ဦးတည်းသော ညီလေးရဲ့လက်ဖမိုးလေးကို ဆုပ်ကိုင်ရင်းကုတင်ဘေး ဝင်ထိုင်ကာ မျက်ရည်တွေဝေ့လာပြန်သည်။

နဂိုက အသားဖြူဖြူအရပ်ရှည်ရှည်လူချောလေးက ဒီပုံစံနဲ့ဘယ်လိုမှ ကြည့်မကောင်းတာတော့အမှန်ပေ။ရှေးရဲ့ရင်ထဲမှာ ငါ့ကြောင့်များလားဆိုတဲ့ စိတ်ကြီးကလွှမ်းမိုးလာကာ ကုတင်ပေါ်က ကိုလင်းကိုကြည့်ရင်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာသည်။

"ရှေး။"

"ရှေးခေတ် ညီလေး ဘာမှမဖြစ်ပါဘူး။လင်း အခုလိုဖြစ်တာ ငါ့ညီကြောင့်မဟုတ်ဘူးနော် စိတ်ကိုထိန်း။"

"ဒါပေမယ့် ဒါပေမယ့် ရှေး...ကိုကြီးအပေါ်ရိုးရိုးသားသားဆက်ဆံခဲ့တာ အစ်ကိုတစ်ယောက်လိုနှစ်နှစ်ကာကာချစ်တယ်။ဒါကြောင့်လည်း နွေးနွေးထွေးထွေးဆက်ဆံခဲ့တာ ရှေးရဲ့အပြုအမူကြောင့် ကိုကြီးက ဒီထိတောင်ဖြစ်သွားရတာလေ။"

"ရှေး အဲ့လိုမဟုတ်ပါဘူးကွာ။"

"လွှမ်း ရှေးခေတ်ကို အရင်ဆုံးပြန်ခေါ်သွားလိုက်တာကောင်းမယ်ထင်တယ်။"

"ဟင့်အင်း ရှေးပြန်မလိုက်ဘူးနော် ကိုကြီးနေပြန်ကောင်းလာတဲ့ထိ ရှေးပြုစုမှာ။"

"ရှေးခေတ် ညီလေး ငါ့ညီက လင်းအပေါ်တစ်ကယ် အစ်ကိုတစ်ယောက်လိုချစ်ရင် ခုချိန်ပြန်နားလိုက်ပါ။မနက်ကျမှ ထပ်လာခဲ့ပေါ့နော် အခု ရှေးလည်းနေမကောင်းဘူးမလား။"

ဘယ်လိုပြောပြော ကိုလင်းအနားကနေထွက်မသွားဘဲ
ပေကပ်ကပ်ရပ်နေပြီး မျက်ဝန်းအိမ်ကမျက်ရည်တွေက အဆက်မပြတ်စီးကျနေဆဲပင်။နှာဖျားလေးတွေရဲနေပြီး မျက်ခွံတွေပါမို့ကာရဲနေတာကြောင့် ဒီထပ်ပိုငိုနေရင် ရှေးအတွက်အဆင်မပြေတာကြောင့် လွှမ်းကိုဘဲနားချရတော့သည်။

"လွှမ်း သွားလိုက်ပါကွာ။မနက်ကျမှထပ်လာခဲ့ အခုညဉ့်လည်းနက်နေပြီ ရှေးခေတ်ပိုဆိုးသွားလိမ့်မယ်။မနက်ကျရင် ငါတို့အလှူရှင်ရှာရဦးမှာ အခုတော့ ပြန်နားလိုက်ပါတော့ကွာ။"

I will always be here for you(Completed)Where stories live. Discover now