ဆိုင်ကိုရောက်တော့ ဟိန်းသစ်က customerနဲ့စကားပြောနေတာကြောင့် လွှမ်း အသာလေးဘဲဝင်ထိုင်နေလိုက်သည်။"ရောက်လာပြီလား ဒီကအစ်ကို လိုချင်တဲ့ပုံစံကို လွှမ်းကိုပြောလို့ရပါတယ်။"
"ဟုတ်ကဲ့ ကျွန်တော်က shadow ဘီးကို classicထဲက လိုချင်တာ အစ်ကို။"
"လောလောဆယ်တော့ shadowတွေက ကုန်နေတာ။
မနက်ဖြန်မှ ပစ္စည်းတွေလာချကြမှာကျွန်တော့်ဆီမှာပုံတွေတော့ရှိတယ် အစ်ကိုတစ်ချက်ကြည့်ကြည့်လိုက်လေ။""ဪ ဟုတ်။"
လွှမ်းလည်းသူ့ရဲ့ipadထဲက ဆိုင်ကယ်ပုံတွေကိုပြပေးလိုက်တယ်။ဝယ်သူကောင်လေးက လွှမ်းတို့ထက်
ငယ်မဲ့ပုံဘဲ ဒါပေမဲ့လည်း လေးစားသမှုနဲ့အစ်ကိုတပ်ခေါ်ပေးခဲ့တယ်။ထူးဆန်းတယ် ဒီကောင်လေးက ကိုယ်တွေကသူ့ကို အစ်ကိုလို့ခေါ်တာသဘောကျပုံပဲ။ပုံတွေများစွာထဲမှ သူ့အကြိုက်ဘီးပုံစံတွေ့တော့ လွှမ်းကိုပြလာတယ်။
"ဟို ဒါလေးကြိုက်တယ် လုံးဝ perfect ပဲ။"
"ဟုတ်ပြီ ဒီဘီးဆိုရင်မနက်ဖြန်ချပေးမဲ့ထဲမှာပါတယ်။
ဒီကအစ်ကိုအဆင်ပြေရင် မနက်ဖြန်နေ့လယ်ပိုင်းလောက်ထပ်လာခဲ့ပေးလို့ရမလား အဆင်မပြေရင်လာပို့ပေးပါမယ်။""အာ ရတယ်ရတယ် ကျွန်တော်လာခဲ့ပါ့မယ်။"
"ကောင်းပြီ။"
လွှမ်းအလုပ်ကိစ္စပြီးတော့ အိမ်ကိုဖုန်းလှမ်းဆက်လိုက်တယ်။ဟိုကောင်လေးပြန်ရောက်ပြီလား သိချင်တာကြောင့် အိမ်ဖုန်းကိုလှမ်းဆက်လိုက်တယ်။
"ဟယ်လို တော်ဝင်လွှမ်းစံအိမ်ကပါ။"
"ကြီးကြီးမှုံ ဟိုကောင်လေးပြန်ရောက်ပြီလား။"
"ဟင် ရှေးလေးလား မရောက်သေးဘူးလေ လွှမ်းလေးနဲ့အတူသွားတာမဟုတ်ဘူးလား။"
"ကျစ် ဒါပဲနော် ကြီးကြီးမှုံ။"
ဘယ်တွေသွားနေတာလဲ အခုထိအိမ်မရောက်သေးဘူးလား။ ဒီအချိန်ဆိုပြန်ရောက်သင့်ပြီလေဘာမပြော ညာမပြောနဲ့ ကားသော့ဆွဲကာ ထွက်သွားတဲ့ လွှမ်းကို ကြည့်ပြီး ဟိန်းသစ်လည်း မတားတော့ပေ။သူအရေးကြီးနေလို့နေမှာပါ။
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။