Part_15🌹

1.9K 51 0
                                    


အိမ်ပြန်ရောက်တော့ အားလုံးလည်းအိပ်ကုန်ကြပြီထင်သည်။တစ်အိမ်လုံးလည်း ငြိမ်သက်နေတာမို့ လွှမ်းလည်းသော့အပိုနဲ့တံခါးဖွင့်ကာ ရှေးကို ပွေ့ပြီးအိမ်ပေါ်ခေါ်တင်ရသည်။

ရှေးရဲ့အခန်းတံခါးရှေ့ရောက်ပြီးနေမှ စိတ်ပြောင်းကာသူ့အခန်းထဲကိုဘဲခေါ်ခဲ့လိုက်သည်။မွှေ့ယာပေါ်အသာလေးချပြီး သိပ်ထားတာအိပ်နေတာများ သိုးလို့ ဒီအချိန်သူ့ကိုတက်လုပ်သွားတောင်သိမယ့်ပုံမပေါ်ပေ။

"ရှေး မင်းကိုလေ ကိုယ်ဘယ်လိုသိမ်းထားရမလည်း။"

"အင်း"

မျက်လုံးတွေက ပွင့်မလာဘဲ'အင်း'ဆိုကာ သူ့ဘက်လှည့်ပြီးဖက်လိုက်သောကြောင့် လူကရှေးနဲ့မျက်နှာချင်းဆိုင်အနေအထားကိုရောက်သွားသည်။

"ရှေး မင်းကသိပ်လှတယ်သိလား။ယောကျာ်းလေးတစ်ယောက်ဖြစ်ပါရဲ့ဘာကြောင့်ဒီလောက်နုဖက်နေတာလည်း။"

"...."

အခန်းမီးရောင် မှိန်ဖျဖျလေးအောက်မှာ ယာမကာအရှိန်ကြောင့်ပါးလေးတွေရဲနေပြီး အညိုရောင်မျက်ခုံးတန်းလေးအောက်က မျက်တောင်မွှေးခပ်ပါးပါးတို့ကအဖျားတို့ကော့ကာ ယှက်ဖြာနေသေးသည်။ချယ်ရီရောင်နှုတ်ခမ်းပါးလေးက အနည်းငယ်ဟနေကာ သူ့အားနမ်းလှည့်ပါဆိုကာ ဆွဲဆောင်လွန်းလိုက်တာ။

တစ်ယောက်ရဲ့ဝင်သက်ထွက်သက်လေထုတွေက နီးစပ်နေကာ နှာခေါင်းထိပ်ဖျားလေးနှစ်ခုကိုလည်းထိစပ်စေလိုက်သည်။မျက်လွှာတွေကို အောက်ဘက်ကချယ်ရီရောင်နှုတ်ခမ်းလေးဆီ ပို့ပြီးထိစပ်မယ်အလုပ်...

"အွန်း...အော့...ဝေါ။"

"ဟာ ရှေး။"

သူ့ဘက်လှည့်နေတဲ့ကိုယ်လုံးလေးက ပက်လက်အနေအထားကိုပြောင်းလိုက်ပြီး အန်ချပစ်လိုက်တာသူ့အိပ်ယာပေါ်နဲ့ ရှေးခန္ဓာကိုယ်လေးပေါ်သို့ပင်။

"ရှေး ရှေး သတိထားဦးလေ။"

"အင်း အွန်း။"

"ဟာ နေဦး အရမ်းမလုပ်နဲ့အကုန်ပေပွကုန်တော့မှာဘဲ။"

အိပ်ယာထဲမှာ လူးလိမ့်နေပြီး တအင်းအင်းနဲ့ညည်းကာ အင်္ကျီကြယ်သီးတွေလည်းအတင်းဆွဲဖြုတ်နေတဲ့ ရှေးကိုယ်လုံးလေးကို မနည်းထိန်းချုပ်ပြီး ဝတ်ထားတဲ့ အင်္ကျီကို ကိုယ်တိုင်ချွတ်ပေးရတော့သည်။

I will always be here for you(Completed)Where stories live. Discover now