Part_14🌹

1.7K 50 0
                                    


အန်တီနွယ်တို့ ပြန်ရောက်မည်ပြောသောကြောင့် နေ့လည်ကတည်းကရှေးမှာဆိုင်ကပြန်လာပြီး လုပ်စရာရှိတာတွေလုပ်ထားပြီးစောင့်နေသည်။ဟိုလူဆိုးကောင်တော့ မမြင်မိပေ ထုံးစံအတိုင်းသူ့ဆိုင်သွားတာနေမှာပင်။

အိမ်သန့်ရှင်းရေးတို့က သင်းသင်းတို့တွေလုပ်နေကြတာမို့ ရှေးက နေကောင်းခါစဦးလေးအတွက် ခြံထဲကနှင်းဆီတွေခူးပြီး အလှပန်းခြင်းလေးနဲ့ထိုးပေးထားပြီး ဦးတို့ရဲ့အိပ်ယာဘေးကခုံလေးပေါ်တင်ပေးထားလိုက်သည်။သိပ်မကြာခင်မှာဘဲ ဦးလေးတို့ပြန်ရောက်လာကြသည်။

"ရှေးလေး ရပါတယ်ကွာ ဦးသက်သာနေပါပြီ။"

"ဘယ်ဟုတ်ပါ့မလဲ ဦးရဲ့ဂရုစိုက်ရမှာပေါ့။"

"ရှေး သားကိုလည်းမတွေ့ဘူး မင်းအစ်ကိုဘယ်သွားလည်း။"

"ရှေးကနေ့လည်ပြန်ရောက်ကတည်းက မတွေ့မိဘူးအန်တီနွယ်။မနက်ကတော့ သူမနှိုးသေးတာနဲ့ ရှေးလည်းထွက်သွားတာ ပြန်လာကတည်းကတော့ မတွေ့မိဘူး။"

"ဒီကောင်လေးကလည်း အိမ်ကိုမကပ်ဘူး။"

သားတော်မောင်ကို ပြန်ရောက်တာနဲ့ မတွေ့မိတော့ နည်းနည်းတော့စိတ်ဆိုးမိတယ်။နေပါစေဦး ပြန်လာမှတွေ့မယ်။

"လွှမ်းရာ မင်းက နေနိုင်လိုက်တာကွာ။"

"ဘာလဲ လွမ်းနေတာလား။"

"ဟ ကိုယ့်သူငယ်ချင်းတစ်ယောက်လုံးကို ငါးနှစ်လုံးလုံးမတွေ့ရတော့ သတိရတာပေါ့ဟ။"

"အေးပါကွာ ဒါနဲ့မင်းတို့မင်္ဂလာဆောင် မလာနိုင်ခဲ့တာငါ့ကိုခွင့်လွှတ်ကွာ ဒါကငါ့ရဲ့မင်္ဂလာလက်ဖွဲ့။"

စက္ကူပုံးလှလှလေးတစ်ခုကမ်းပေးလာသည်။

"ရပါတယ်ကွာ ပြောရမယ့်လူတွေမှမဟုတ်တာ ဒါကဘာလဲ။"

မော့ငေါ့ပြလိုက်တော့ ဟိန်းသစ်လည်းပါဆယ်ပုံးလေးကို ဖောက်လိုက်သည်။

"ဟာ ဟျောင့် ဒါက..."

"နည်းတယ်များတယ်တော့ မအောက်မေ့နဲ့လေကွာ ဒါကငါ့လုပ်အားသီးသန့်ဘဲ သူငယ်ချင်းမို့ချစ်လို့နော်။"

ခုနှစ်ဆယ့်ငါးသိန်းတိတိကို လက်ဖွဲ့အဖြစ်ပေးလာသူ။

"ဟာ ဒီလောက်ကြီးက များလွန်းတယ် လွှမ်း ငါလက်မခံချင်ဘူး။"

I will always be here for you(Completed)Where stories live. Discover now