"Congregation ယဉ်စ။""ရှေး...ကိုလွှမ်း လာလေထိုင်ကြဦးနော်။"
"ယဉ်စ နင်ဒီနေ့သိပ်လှတာဘဲ သိလား။"
"အဟမ်း နင်ကတော့မြောက်ပြီ။"
"ဟယ် ရှေး ဒီနေ့ကြည့်ကောင်းနေပါ့လား။"
ဒီနေ့က ယဉ်စနဲ့ကိုနေလင်းရဲ့မင်္ဂလာဧည့်ခံပွဲပင်ဖြစ်သည်။သဇင်ရောင် သတို့သမီးဝတ်ဆုံလေးနဲ့ ယဉ်စက ကိုနေလင်းရဲ့လက်မောင်းတွေကို တွဲချိတ်ထားပြီး အရမ်းကိုပျော်နေတာ ဘေးလူတွေကိုအပြုံးတွေကူးစက်စေသည်အထိပင်။နဂိုကတည်းက ပြည့်ပြည့်ဖူးဖူးလေးနဲ့ချစ်စရာကောင်းတဲ့သူမက မိဖုရားဆံထုံးလေးနဲ့လိုက်ဖတ်စွာ ကျက်သရေရှိလွန်းနေသည်။
ရှေးတို့ထိုင်နေသည့် VVIPဝိုင်းမှာ အပြင်လူမရှိပေ။အရင်ရောက်နှင့်နေသည့် ဒေါက်တာဆုမွန်နဲ့ဟိန်းတို့က ပြုံးပြလာသည်။ရှေးရဲ့သူငယ်ချင်းမလေး နှစ်ယောက်ကတော့ တစ်ယောက်ကခုချိန်ထိfaဘဝနဲ့ဘဲဖြတ်သန်းနေသည်။စကားလက်ဆုံကြနေကြပြီး ရှေးမှာတော့ ဒီနေ့မှာပြုံးပျော်နေသည်။
"ရှေး ရောက်နှင့်နေပြီပေါ့။"
ပခုံးကိုပုတ်ကာ နားနားကပ်လာပြီးပြောလာသူက မကြာသေးခင်ကမှဆေးရုံကဆင်းလာသည့် ကိုလင်းပင်။
"ဟာ ကိုကြီးခုမှလာတာလား။"
"အွန်း ဒီနေ့သိပ်ကိုချစ်ဖို့ကောင်းနေတာပါလား ကိုယ့်ညီလေးက။"
"ဟေ့ လင်း လက်မပါသင့်ဘူးထင်တယ်နော်။"
ရှေးရဲ့နှာခေါင်းလေးကိုဆွဲပြီး ပြောလာသောကြောင့်လွှမ်းမှာအူတိုစွာနဲ့ကိုလင်းရဲ့ လက်ကိုပုတ်ထုတ်လိုက်သည်။အနောက်မှာရပ်နေသည့် ကောင်လေးမျက်နှာမှာ ညိုးမှောင်နေခဲ့သည်ဆိုတာ ဘယ်သူမှသတိမထားမိပေ။
"သိပ်ပြီး အူတိုမနေစမ်းနဲ့ ရှေးကငါ့ညီလေး။"
"အဟမ်း ညီအစ်ကိုတွေကလက်မပါဘူး။"
"ပိုင် လာလေထိုင်။"
"ဟုတ် ကျွန်တော်ပါလာတယ်ဆိုတာ သတိရသေးသားဘဲ။"
စိတ်ဆိုးတယ်လည်း မဟုတ်ပေမယ့် ပိုင့်ရဲ့လေသံလေးကနည်းနည်းတော့တင်းမာနေသည်။ထိုင်လေဆိုပြီး ပြောကတည်းက ရှေးဘေးကခုံမှာဝင်ထိုင်ဖို့ပြင်နေတဲ့ ကိုလင်းကိုဝင်တိုက်ပြီး ခပ်တည်တည်ပင်ဝင်ထိုင်လိုက်သည်။
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။