Part_42🌹

1.2K 30 0
                                    

"ရှေး နိုးပြီလား။"

"အွန်း  အာ့"

"ဖြည်းဖြည်းကလေးလေး  လာ ကိုယ်ထူပေးမယ်။"

ရုတ်တရက်ထထိုင်လိုက်တာကြောင့် ခါးရိုးတစ်လျှောက်နာကျင်မှု့က အသည်းထဲစွဲနေအောင်ပင်။သေချာသည် ဒီနေ့တော့ အပြင်တောင်ထွက်နိုင်မှာမဟုတ်ပေ။

"ဘယ်အချိန် ရှိပြီလဲ။"

"ဆယ့်တစ်နာရီလေးဆယ့်ငါး ရှိပြီ။"

"ဟင် ! အဲ့လောက်တောင်ရှိပြီလား သားနဲ့သမီးရော။"

"အမေတို့နဲ့လိုက်သွားတာ ခရီးထွက်ဖို့ အဝတ်အစားသွားဝယ်မလို့တဲ့လေ။ ကြီးကြီးမှုံပါ ပါသွားတာ။"

အမေတို့တော့ တစ်မျိုးထင်တော့မှာဘဲ  ရှက်လိုက်တာ။ဘယ်လိုတောင် ဒီချိန်ထိအိပ်ပျော်သွားရတာလဲ။

ခုမှနိုးလာပြီး မအူမလည်လေးလုပ်နေတဲ့အိမ်သားလေး ကို လွှမ်းမှာ အူတွေသည်းတွေယားလွန်းလို့ ဆွဲပွေ့ပစ်ချင်သော်လည်း ညကကိုယ့်အရှိန်ကိုသိတာကြောင့် ငြိမ်ငြိမ်လေးသာထိုင်ကြည့်နေရသည်။

"မျက်နှာသစ်မှာလား ရေပါတစ်ခါတည်းချိုးမှာလား။"

"ရေချိုးလိုက်တော့မယ်။"

"ဟုတ်ပြီ ကိုယ်ရေစပ်ပြီးသား လာ ဖြည်းဖြည်း။"

တွဲထူလာပြီး ရေချိုးခြင်းအမှု့ကို စတင်လေသည်။

"အပြင်ထွက်လေဗျာ ဒီမှာ ရေချိုးမို့။"

"ဘာဖြစ်လဲချိုးလေ ကလေးကိုစောင့်ပေးမို့ လူကဖြင့် မတ်တပ်တောင်မရပ်နိုင်ဘဲ။"

"သွားပါ ရတယ်အပြင်ထွက်။"

"ဟော ရှက်စရာမဟုတ်တာကိုရှက်နေပြန်ပြီ။"

အရှေ့က နီတာရဲလေးက မသွားမခြင်းမချိုးဘူးဟုဆိုကာ ဆန္ဒ​ပြနေပြန်သည်။

"ဒါဆို ကိုကို လို့ခေါ်။"

"ဟမ်"

"မခေါ်ဘူးလို့ မပြောနဲ့နော် ညကတောင်ခေါ်ပြီးတော့။"

ခက်ပါတယ် ဒီလူကြီးကတော့ ဘယ်လိုဟာမှန်းကိုမသိဘူး။
မအူမလည် လုပ်နေတဲ့ကောင်လေးက သိပ်ကိုခေါင်းမာတာ ဒါလေးခေါ်ဖို့ကိုဘာတွေများ ခက်နေတာလဲ။

I will always be here for you(Completed)Where stories live. Discover now