Part_30🌹

1.5K 46 0
                                    


"ဟမ် ဘာဖြစ်တယ်။"

".........."

"အေး ငါအခုဘဲဆင်းလာခဲ့မယ်။"

စားပွဲမှာ လက်တော့ပ်တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ လွှမ်းမှာဖုန်းလာတာကြောင့် ကိုင်လိုက်တော့ ခေါင်းပေါ်မိုးကြိုးဆယ်စင်းလောက် ပစ်သွားသလိုပင်ခံစားလိုက်ရသည်။ဘီးတွေတင်လာတဲ့ ကားကြီးတွေက မြဝတီဘက်မှာ တိမ်းမှောက်မှု့ကြောင့် ဘီးတွေရော လူပါထိခိုက်မှု့ရှိတယ်ဆိုတော့ ကိုယ်တိုင်သွားမှ ဖြစ်မည်။

"အဖေ ကျွန်တော်ဒီညနေ flightနဲ့ မြဝတီဘက်ဆင်းမှာ။"

"ဘာကိစ္စလည်း။"

"ဘီးတွေတင်လာတဲ့ကားက အက်စီးဒင့်ဖြစ်လို့ လူပါထိခိုက်သွားတယ်တဲ့ အဲ့ဒါကျွန်တော်ကိုယ်တိုင်သွားမှရမှာ။"

"သွားလေ ရှေးကိုခေါ်သွားမှာလား။"

"မခေါ်တော့ဘူးအဖေ ဟိုမှာဆိုပင်ပန်းနေလိမ့်မယ်။ရှေးကိုဂရုစိုက်ပေးပါဦး။"

"မင်းပြောစရာမလိုပါဘူး။"

"ကျွန်တော် အမေနဲ့ရှေးကို ဝင်မပြောခဲ့တော့ဘူး အဖေ။"

ကောင်းပြီဆိုတဲ့အကြည့်နဲ့တစ်ချက်ကြည့်ပြီး သတင်းစာဆက်ဖတ်နေလိုက်သည်။ပြဿနာဖြစ်ပြီးတာ တစ်ပါတ်လောက်ဘဲ ရှိသေးတာမို့ ရှေးကနားလည်ပေးတယ် ထင်ပါတယ်။သူတို့နှစ်ယောက်စကားများတာ မတွေ့တော့ဘူး။

ဒီကောင်လည်း ဒီရက်ပိုင်းတွေမှာ သူ့ဆိုင်ပြင်နေလို့ဆိုကာ အိမ်မှာဘဲ အလုပ်တွေလုပ်နေသည်။ရှေးကတော့ ပုံမှန်အတိုင်းဘဲ မနက်တိုင်းအမေလုပ်သူနဲ့ဆိုင်လိုက်လိုက်သွားသည်။ဒီကလေးလည်း ညနေကျရင်ဆေးခန်းသွားပြပေးရဦးမယ် ဘာစားစားအန်အန်နေတာ အစာအိမ်တွေများဖြစ်နေသလား။

"အမေ ရှေး စပျစ်သီးစားချင်လို့ ဈေးချိုဘက်သွားမှာ ဘာမှာဦးမလည်းအမေ။အပြန်ကို ဈေးထဲကနေ ငွေခံခဲ့လိုက်မယ်နော်။"

"သားရယ် နေတွေပူနေတာကို ပန်းပါတယ်။နေ နေ အမေ မအေးနဲ့ကောင်မလေးတစ်ယောက်ကို လွှတ်လိုက်မယ်။"

"အမေရယ် ရှေးကရပါတယ်ဗျာ။အပြန်ကိုငွေဝင်ခံရဦးမှာလေ ရှေး ဘဲသွားလိုက်မယ်နော်။"

I will always be here for you(Completed)Where stories live. Discover now