ရာသီတွေကူးပြောင်းလာခဲ့တာ အမွှာလေးတွေတောင် သုံးနှစ်ပြည့်ခဲ့ပြီ။စံအိမ်ကြီးမှာလည်း မနက်လင်းလာတာနဲ့ အမွှာလေးတို့ရဲ့အသံက အိမ်ရဲ့ဆည်းလည်းလေးတွေ အစစ်ပင်ဖြစ်သည်။အဘိုးအဘွားတွေရဲ့အလိုလိုက်မှု့ကြောင့် ဂျစ်ကန်ကန်လေးတွေနဲ့သိပ်ဆိုးကြသည်။
"ဘွားမှုံ လွှမ်းကို ကိုကို လိုက်လုပ်နေတာ။"
"အယ် သားခေတ်အဲ့လို မလုပ်ရဘူးလေ။"
"ဘွားမှုံကလည်း တော်ဝင်က သားရဲ့ဓားတွေယူဆော့တာလေ။"
သစ်သားဓားမြှောင်လေးတွေကိုလက်ထဲဆုပ်ကိုင်ထားပြီး စူပုတ်ပုတ်လေးနဲ့ တိုင်လာသည်။ဟုတ်တယ် သမီးလေးကမိန်းကလေးလိုဘယ်တော့မှမဆော့ပေ။အစ်ကိုဖြစ်သူရဲ့ ဓားတွေစက်ရုပ်တွေကိုလုဆော့တာကြောင့် နေ့စဉ်နှင့်အမျှ ဒီပြဿနာကကြုံတွေ့ရစမြဲပင်။
"သမီးတော်ဝင် ကိုကို့ဟာတွေယူမဆော့ရဘူးလေ။ပြီးတော့ သမီးက မိန်းကလေး"
"ဟာ ဖေဖေကလည်း လွှမ်းက မိန်းကလေးမဟုတ်ဘူး။"
"သမီး ဖေဖေဘယ်လိုပြောထားလဲ ကိုယ့်ကိုယ်ကိုလူကြီးတွေနဲ့ပြောရင် သမီးလို့သုံးရမယ်လို့ ပြီးတော့ လွှမ်းဆိုပြီး မပြောရဘူး။"
"ဟင့် အင်း မရဘူး လွှမ်းက ကိုကို့လိုယောက်ျားလေးဘဲ။"
အဲ့တာပဲ သမီးက အရမ်းပြောရခက်တာ။သားနဲ့ တခြားစီပင်။သားက အေးဆေးနေတတ်ပြီး တယောက်ထဲနေတတ်တာများသည်။သမီးကတယောက်ထဲနေပေမယ့် တစ်ခါမှ မိန်းကလေးမဆန်ပေ။ဂျစ်ကပ်ကပ်နဲ့ သူ့ဒယ်ဒီအတိုင်းပင်။
"ကဲပါ ရှေးရယ် သမီးပြောတတ်သလိုသာ ပြောပါစေကွာ။"
"ကိုလွှမ်း ရှေးသမီးကို ဆုံးမနေရင်ရှေ့ကနေကာဆီးကာဆီးမလုပ်နဲ့ မကြိုက်ဘူး။"
"ဟင့် !ဒယ်ဒီ အီး ဟီး"
ဒယ်ဒီကိုမြင်တာနဲ့ အကဲစိန်လေးက ငိုယိုကာအိုက်တင်လုပ်လေသည်။
"သမီး ဖေဖေပြောတာ နားလည်လား။ကိုယ့်ကိုယ်ကိုလူကြီးသူမတွေနဲ့စကားေပြာရင် သမီးကလေဆိုပြီး ပြောရမယ်နော်။"
"အင့် !ဒယ်ဒီ"
"ရှေး ကိုယ်ပဲပြောလိုက်ပါ့မယ်။သမီးက လိမ္မာပါတယ်။"
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။