Part_6🌹

2.7K 86 12
                                    


ရှေးကျောင်းတက်တာ တစ်လတောင်ရှိပြီ ယဉ်စတို့နဲ့အတူ ကျောင်းသွားကျောင်းပြန်ကြတာကြောင့် အရင်ကထက်ပိုပြီး ရင်းနှီးလာကြသည်။ယဉ်စကလည်း လွှမ်းတို့အိမ်ကိုအမြဲတစေ ရောက်ဖြစ်ပေမယ့် လွှမ်းနဲ့ဆုံသည့်ရက်က လက်ချိုးရေလို့ရသည်။အိမ်ပြန်မအိပ်တာနဲ့ မထသေးတာနဲ့ ဆုံသည့်ရက်ကျတော့လည်း ယဉ်စကိုနှုတ်ဆက်ဖော်လေးပင်မရပေ။

ဒီနေ့ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် အန်တီနွယ်နဲ့ဆိုင်လိုက်သွားမယ်ဆိုပြီး ပြင်ဆင်ထားသည်။သူများအိမ်မှာ အလကားနေရတာအားနာစရာကောင်းလှပြီ၊၊မနက်စာဝိုင်းမှာ အမြဲတမ်းတစ်ယောက်လျော့နေခဲ့တာ သေချာပေါက် လွှမ်းပင်။ဘယ်တော့မှအစောမထဘူး ညကျလည်း ညဉ့်နက်မှပြန်လာနဲ့ တစ်ကယ့်လူဆိုးကောင်။

"ရှေး ပြီးရင်သွားစို့နော်။"

"ဟုတ် အန်တီနွယ် ရှေးပြီးပြီ။"

ဦးသီဟကိုယ်တိုင် ကားမောင်းကာရှေးတို့သုံးယောက် တော်ဝင်ပိုးထည်တိုက်ဆီထွက်လာခဲ့သည်။ဆိုင်ရောက်တော့ အန်တီနွယ်က ဝန်ထမ်းတွေအားလုံးနဲ့မိတ်ဆက်ပေးသည်။ရှေးကို သားတစ်ယောက်လိုသဘောထားတဲ့အတွက် ဝန်ထမ်းတွေကို အစ်ကိုလေးရှေးဟု ခေါ်ခိုင်းသေးတာ။

"ကဲ မိအေးရေ ရှေးအတွက်ကော်ဖီတစ်ခွက်ဖျော်ခဲ့ပေးနော်။"

"ဟုတ် အမေနွယ်။"

မိအေးလည်း ရှေးအတွက်ကော်ဖီဖျော်ရန် ထွက်လာခဲ့တော့ ကျန်တဲ့သူတွေပါနောက်ကနေလိုက်လာကြသည်။ထုံးစံအတိုင်း ကောင်မလေးတွေကအတင်းတုပ်ကျဦးမှာလေ။

"မမအေး အစ်ကိုလေးရှေးကချစ်စရာလေးနော်။"

"အယ် ရွှေစင်ဇာတ်လမ်းကစပြီ။"

"ဟာ မမအေးကလည်း မရွှေစင်ပြောတာမှန်နေတာဘဲလေ။ဝါဝါတို့ သန်းသန်းတို့ထက် နှစ်နှစ်ဘဲကြီးတာနုဖက်နေတာဘဲ ကိုယ်တွေကမှရုပ်တွေရင့်နေသေးတာ။"

"ဟဲ့ တော်ကြတော့ လုပ်စရာရှိတာလုပ်ကျ။"

"မမအေးကြီးကလည်း ဒါနဲ့အစ်ကိုလေးလွှမ်းနဲ့မတူဘူးနော်။အစ်ကိုလေးရှေးက သဘောလည်းကောင်းတယ် ပြီးတော့ အပြုံးချိုချိုလေးနဲ့နတ်သားလေးကျနေတာဘဲ။"

I will always be here for you(Completed)Where stories live. Discover now