Part_13🌹

2.1K 64 2
                                    


ဆိုင်ကယ်အနီလေးကို လမ်းဘေးချရပ်ပြီး ပါလာတဲ့အထုတ်တွေကိုယူကာ အန်တီနွယ်ပို့ခိုင်းတဲ့ဆိုင်ကိုအထည်တွေလာပို့ခြင်းဖြစ်သည်။ပီနံအိတ်တစ်အိတ်ကိုပခုံးပေါ်ထမ်းကာ ဆိုင်ထဲဝင်ဝင်ခြင်းပင် ဆိုင်ရှင်ဖြစ်သူက လှိုက်လှိုက်လှဲလှဲကြိုဆိုသည်။

"ဟယ် သားလေး ကိုယ်တိုင်လာပို့တာလား။"

"ဟုတ်ကဲ့။"

"ဟဲ့ ဟဲ့ လာကြလေ ဒီမှာလာယူကြစမ်း ဪ ခက်ပါတယ်ကလေးတွေနဲ့တော့။"

သူ့ရဲ့ဝန်ထမ်းတွေကို ဟောက်လိုက်မှ ဝန်ထမ်းတွေက ပြာပြာသလဲနဲ့ ရှေးထမ်းလာတဲ့အထုတ်ကြီးကိုကူကာယူလိုက်သည်။ရှေးလည်း ဘောင်ချာပြပြီးငွေစစ်နေချိန် ဆိုင်ရှင်ဖြစ်သူ အမျိုးသားပြောရမလား အမျိုးသမီးပြောရမလားမသဲကွဲတဲ့ရှေးမှာ အကဲခတ်ပြီးခေါ်ရခက်နေသည်။

ဒါကိုသဘောပေါက်တဲ့ ထိုသူကဘဲ စတင်မိတ်ဆက်လာသည်။

"မှတ်ထားနော် မာမီနာမည်က မြခက်တဲ့ အားလုံးကမာမီမြလို့ခေါ်ကြတယ်။"

"ဟုတ်ကဲ့ခင်ဗျ"

"သားလေး ပိုက်ဆံပြည့်ရဲ့လား။နောက်လည်း လမ်းကြုံရင်ဆိုင်ကိုဝင်လာနော် ကလေး။"

"ဟုတ် ပြည့်တယ်ခင်ဗျ ဒါဆိုရှေးကိုခွင့်ပြုပါဦးနော် မာမီမြ။"

"အေးအေး ဂရုစိုက်သွားဦး သားလေး။"

"ဟုတ်ကဲ့ခင်ဗျ သွားလိုက်ပါဦးမယ်နော်။"

မာမီမြဆိုတဲ့သူကိုနှုတ်ဆက်ကာ ဆိုင်ကယ်ဦးထုတ်သေချာဆောင်းပြီး အိမ်ကိုသာတန်းပြန်ခဲ့လိုက်သည်။တစ်အိမ်လုံးလည်း တိတ်ဆိတ်လို့ဘယ်တွေများသွားကြတာလည်း။ဒေါ်လေးကိုလည်း မတွေ့ဘူး။ခြံထဲကအလုပ်သမားတွေလည်းတိတ်ဆိတ်လို့ ခြံစောင့်သာထက်တစ်ယောက်သာ မြက်ခင်းတွေလိုက်ညှိနေသည်။

ဆိုင်ကယ်ကို ဂိုထောင်ထဲသွားထားပြီး ပိုက်ဆံထုတ်လေးပိုက်ကာ အိမ်ထဲဝင်လာခဲ့သည်။

"ဒေါ်လေးရေ ဒေါ်လေ ရှေးပြန်ရောက်ပြီနော်။"

ပြန်ထူးသံလည်းမကြား ဒေါ်လေးတစ်ယောက်နောက်ဖေးများဝင်နေသလား။ပိုက်ဆံထုတ်လေးကို စားပွဲပေါ်တင်ပြီး ရှေးပါတစ်ပါတည်းထိုင်ချပစ်လိုက်သည်။ဒီနေ့တစ်နေကုန် မြို့ထဲကို ကိုယ်တိုင်ပတ်ပြီးပစ္စည်းပို့ ငွေကောက်နဲ့မို့ ပင်ပန်းသည်။လူကနုံးနေပြီ  ရေချိုးကာလန်းလန်းဆန်းဆန်းလေး နေချင်မိတာတော့အမှန်ပေ။သို့ပေမယ့် အန်တီနွယ်ကိုအပ်ရမည့်ပိုက်ဆံထုတ်ကြောင့် ဧည့်ခန်းမှာထိုင်ကာ အန်တီနွယ်ထွက်အလာကိုစောင့်နေသည်။

I will always be here for you(Completed)Where stories live. Discover now