သုံးဘီးပေါ်က အထုတ်လေးတွေချကာ ဒေါ်လေးမှုံနောက်လိုက်လာခဲ့သည်။ခမ်းနားလိုက်တာ ခြံကြီးကလည်းအကျယ်ကြီးဘဲအလုပ်သမားတွေကလည်းများလိုက်တာ ခြံထဲကနေအိမ်ကြီးဆီကို ၈မိနစ်လောက်တော့လမ်းလျှောက်ရသည်။ကားအဝင်အထွက်ကြောင့်မို့ထင်တယ် လမ်းကိုကားနှစ်စီးစာအသာလေးဝင်လို့ရလောက်တဲ့ထိဘဲ ကျောက်စရစ်ခဲတွေနဲ့ခင်းထားပြီး ကျန်တဲ့နေရာတွေမှာတော့ ဂျပန်မြက်နုနုလေးတွေကို သေချာစိုက်ပျိုးထားသည်။
ခြံရဲ့ဘယ်ဘက်မှာ အရောင်းအသွေးစုံလင်တဲ့ ပန်းပင်မျိုးစုံသီးသန့်ထားတဲ့ပန်းခြံလေးတစ်ခု၊ညာဘက်မှာတော့ အလျား၂၀အနံ၃၀ရှိတဲ့ရေကူးကန်တစ်ခုရယ် ကျောက်စားပွဲဝိုင်းတွေနဲ့ ခမ်းနားလိုက်တာ။ဒါတောင်ခြံထဲရှိသေးသည်။
"သား ရှေး လာလေဘာတွေငေးနေတာလဲ။"
"ဟုတ်ဟုတ် ဒေါ်လေးမှုံ။"
ဒေါ်လေးမှုံ ခေါ်သံကြောင့် ရှေးလည်းဆက်မငေးနေတော့ဘဲ အိမ်ကြီးဆီအမြန်လိုက်ဝင်လိုက်သည်။ရှေးတို့ ဒီအိမ်ကြီးကိုရောက်တော့ ညနေခြောက်နာရီပင်ခွဲနေပြီ။အိမ်ထဲဝင်လိုက်တာနဲ့ ရှေးတစ်ကိုယ်လုံးပြုစားခံလိုက်ရသလိုပင် အိမ်ကြီးထဲကအပြင်အဆင်တွေကခမ်းနားလွန်းလိုက်တာ။
ဟုတ်တယ် ရှေးလို သာမန်အညတရသမားလေးအတွက်တော့ဒါကအံ့ဩဖွယ်ရာဖြစ်နေသည်။ဧည့်ခန်းမှာထိုင်နေတဲ့ အသက်၅၀အရွယ် ဦးလေးကြီးကသိပ်ကိုခန့်ညားတာပါလား။သူ့အသက်အရွယ်နဲ့သိပ်ကိုဩဇာကြီးမားပြီး ခန့်ခန့်ညားညားထိုင်နေပုံက အညတရသမားလေးရှေးမှာ ကျောပင်စိမ့်လာရသည်။
"ကိုသီဟ"
"ဪ ထွေးမှုံ ပြန်လာပြီလား။"
ဟင် ဦးလေးကြီးက ဒေါ်လေးမှုံကိုတရင်းတနှီးဆက်ဆံတာပါလား။
"မမနွယ်ကော ကိုသီဟ။"
"ဒီအချိန် ဘုရားဝတ်တတ်နေပြီလေ။"
"ဟယ် ဟုတ်သားဘဲကျွန်မမေ့နေတာ။"
"ဘယ်လိုလဲ အစစအရာရာအဆင်ပြေခဲ့ရဲ့လား။"
"ဟုတ် ပြေပါတယ် သားကိုပါတစ်ခါတည်းခေါ်လာခဲ့လိုက်တာ။"
ဒေါ်လေးမှုံက ရှေးဘက်အားလှည့်လာပြီးပြောလာသောကြောင့် ထိုဦးလေးကြီးမှာ ရေှးကိုကြည့်လာသည်။ခက်ထန်နေတဲ့အကြည့်မဟုတ်ခဲ့သလို၊မလိုလားတဲ့အကြည့်မျိုးလည်းမဟုတ်၊ကြင်နာမှု့နဲ့သနားစိတ်လေးပါတဲ့အကြည့်ကိုပင် ရှေးမှာပြန်ကြည့်ဖို့မဝံ့ရဲ့ခဲ့။
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။