Part_39🌹

1.7K 38 0
                                    

Operationခန်းထဲဝင်သွားတာ ကြာနေပြီ...
ဆယ့်နှစ်နာရီခွဲနေပြီ ဝင်သွားတာတစ်နာရီတောင်ကြာနေပြီ ဘာမှအကြောင်းမသိရတော့ လွှမ်းမှာစိတ်တွေထူပူနေခဲ့သည်။

ကလေးသာတစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကိုယ်ကိုခွင့်လွှတ်မှာမဟုတ်ဘူး။

'တီ'

မီးနီလေးလင်းလာတာနဲ့အတူ ခွဲခန်းတံခါးလည်းပွင့်လာခဲ့သည်။

"ဒေါက်တာ လူနာအခြေအနေလေး ဘယ်လိုနေသေးလည်းဟင်။"

"လူနာက မတော်တဆချော်လဲထားတော့ အထဲကကလေးတွေနဲ့လူနာအတွက်စိုးရိမ်စရာအခြေအနေကြောင့် ကလေးတွေကိုအရေးပေါ်ခွဲမွေးလိုက်ရပါတယ်။လမစေ့ပေမယ့်ခုနှစ်လ ထဲမှာမို့ စိုးရိမ်းစရာတော့မရှိပါဘူး။ယောကျာ်းလေးတစ်ယောက်    
မိန်းကလေးတစ်ယောက်မွေးပါတယ် သားလေးကအကြီးပါ"

"ဟူး ဒါနဲ့ ကလေးတွေအဖေကော ဒေါက်တာ အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ အသက်အန္တာရာယ်တော့မစိုးရိမ်ရတော့ပါဘူး။ ဆေးအရှိန်နဲ့ဆိုတော့ အခုသတိမရသေးတာပါ
အားလုံးကောင်းပါတယ် congregatioပါ။"

"ဟူး.....ကျေးဇူးတင်လိုက်တာ ဒေါက်တာရယ်
ကျေးဇူးတင်ပါတယ်။"

အခုမှဘဲ ရင်ထဲကအပူးမီးတွေကငြိမ်းသွားတယ်။
ဘာဘဲဖြစ်ဖြစ် ရှေးရော ကလေးလေးတွေရောကျန်းမာရေးကောင်းပါသည်ဆိုကတည်းက ဘုးရားက
ပေးတဲ့ဆုလာဒ်ပင်။

ခုထိ ကုတင်ပေါ်မှာ အိပ်နေတဲ့သူလေးကတော့ ဘာမှသိမှာမဟုတ်ဘူး။ကလေးသေးသေးလေးတွေက
နီတာရဲလေးတွေနဲ့ တအဲအဲအော်နေတာလေးက တစ်ကယ့်ကိုအသည်ယားစရာပင်။သားလေးကငါးပေါင် ပြည့်ပြီး သမီးလေးက ၄ပေါင်၂အောင်စသာရှိသည်။

special nurseငှားထားကာ ကလေးလေးတွေကိုနို့ဗူးတိုက်စေသည်။ သူလည်းကိုယ့်သွေးသားတွေဖြစ်ပေတာမို့ အသည်းတစ်ခုလုံးနဲ့ရင်းပြီး ချစ်ပေမယ့် မထိရက်မကိုင်ရက်လေးဖြစ်နေသည်။

"ဟို ဒီက ကျွန်မ ကလေးတွေကို သီးသန့်အခန်းမှာထားရတော့မှာမလို့ ပြန်ခေါ်သွားလိုက်တော့မယ်နော်"

Nurseတစ်ယောက်က လာပြောတာကြောင့် လွှမ်းမှာ သူ့ကလေးတွေကို အနားမှာခေါ်ထားချင်သော်လည်း
အဆင်မပြေတာမို့ ပြန်ထည့်ပေးလိုက်ရသည်။

I will always be here for you(Completed)Where stories live. Discover now