Part_5🌹

2.3K 73 8
                                    


"ရှေးခေတ် နင်ဒီမှာခနစောင့်နေဦး ငါဆိုင်ကယ်သွားယူလိုက်ဦးမယ်။"

"အေးအေး ယမင်းတို့ကရောဘာနဲ့ပြန်မှာလည်း။"

"ငါတို့လည်းဆိုင်ကယ်နဲ့ဘဲလေ အတူတူပြန်မှာ နင်ဒီမှာသီရိနဲ့ ခနစောင့်နေ။"

ရှေးနဲ့သီရိလည်း ကျောင်းပေါက်ဝကိုထွက်လာခဲ့လိုက်သည်။ဘာလဲ ဟိုကောင်လေးလား ငါနဲ့ကျအမြဲရှောင်ဖယ်ရှောင်ဖယ်နဲ့ သူများနဲ့ကျအမြဲတမ်းပြုံးနေတာလား။အဟက် ဒီနေ့မှစတက်တာ ကောင်မလေးတွေနဲ့ရင်းနှီးနေပြီလား။

ရှေးလည်းသီရိကဟာသတွေပြောနေခြင်းကြောင့် ပြုံးနေမိသည်။ရှေးရယ်လိုက်ရင်ဘယ်ဘက်ပါးပြင်ပေါ်က စပါးတင်မှည့်ကလေးက မို့တက်နေတာကို လွှမ်းငေးကြည့်နေမိသည်။

"အဟမ်း"

"ဟင် ခင်ဗျား ဘာလာလုပ်တာလည်း။"

သူတို့ကျောဘက်က ချောင်းဟန့်သံကြားလို့ ရှေးတို့လှည့်ကြည့်တော့ လွှမ်းဖြစ်နေသည်။

"ဘာလာလုပ်တယ်ထင်လည်း ဟင်း ဒီနေ့မှကျောင်းစတက်တာ ရှုပ်ရှုပ်ယှက်ယှက်တွေနဲ့။"

သီရိအား ငဲ့စောင်း၍ကြည့်ကာပြောလာသောကြောင့် ရှေးမှာတစ်ဖက်မိန်းကလေးကိုအားနာရသည်။

"ဒီမှာ ဒါရှေးကိ္စ္စခင်ဗျားနဲ့ဘာမှမဆိုင်ဘူး။ပြီးတော့ သီရိက ရှေးသူငယ်ချင်းခင်ဗျားစကားပြောတာ ဆင်ခြင်လိုက်။"

"အိုးဟိုး ငါနဲ့မဆိုင်ဘူးလား။အေးလေး မဆိုင်ပါဘူး ဒါပေမယ့် တစ်ခုခုဆို ငါ့အိမ်သိက္ခာကိုထည့်စဉ်းစား ရှေးခေတ်။"

"ကိုလွှမ်း"

ရှေးပြန်ပြောမယ်လုပ်ချိန် အသံချွဲချွဲလေးနဲ့ခေါ်သံကြောင့် လှည့်ကြည့်မိတော့ မိန်းကလေးတစ်ယောက်ပင်။ဝတ်ထားတာ အရမ်းတိုလွန်းပြီး ထင်ပေါ်လွန်းတာကြောင့် ရှေးအမြင်မှာ မသင့်တော်ဘူးဆိုကာ တစ်ဖက်ပြန်လှည့်လိုက်သည်။

"ပြီးပြီလား သော်သော်။"

"အွန်း သွားစို့လေ ကိုလွှမ်းအသိလား။"

"ဟင့်အင်း မသိပါဘူး။"

လွှမ်း တမင်ဖြေလိုက်ခြင်းပင် သူ့ရှေ့ကကောင်လေးကတော့ လွှမ်းတို့ကို ရှိတယ်လို့တောင်မသက်မှတ်လို့ ဒေါသထွက်ရပြန်သည်။

I will always be here for you(Completed)Where stories live. Discover now