ပြင်ဦးလွှင်ပြန်တက်နေတဲ့ကားလေးမှာ ငြိမ်သက်စွာဘဲမောင်းနှင်နေသည်။အိမ်ကစထွက်လာပါပြီဆိုကတည်းက မျက်လုံးတွေကိုမှိတ်ထားမိလိုက်သည်။
အင်း ဒီကောင်လေး ညက မအိပ်ခဲ့ဘူးနဲ့တူတယ်..."ရှေး အိပ်နေတာလား။"
"မဟုတ်ဘူး ဒီအတိုင်း ဒီအတိုင်းဘဲမျက်လုံးတွေမှိတ်ထားချင်တယ်။"
အိပ်ပျော်နေတာလားဆိုကာ စကားစမေးမိတော့ ချက်ချင်းပြန်ဖြေလာသည်။
"ရှေး...လွှမ်းကိုချစ်လား။"
"........"
"ခံစားနေရတုန်းဘဲလား ခုထိအထင်တွေဆက်လွှဲနေဆဲပဲလား။"
"သူ့အကြောင်းတွေကို ထပ်မတွေးမိအောင်နေနေတယ်ကိုကြီး ကျေးဇူးပြုပြီးမပြောပါနဲ့တော့လား။"
"ဟူး...."
တစ်ကယ်ပါဘဲ ရှေးတို့နှစ်ယောက်ကတော့လေ။သိပ်ချစ်နေပါရဲ့နဲ့ ကိုယ့်ကိုညာချင်သေးတယ်။ဒီတစ်ခါတော့ မပြောလို့မရတော့ဘူး ရှေး...ကိုယ့်သူငယ်ချင်းလည်း ခံစားသင့်သလောက်တော့ခံစားပြီးနေပြီလေ။
"ရှေး...မနေ့ကဘုရားပေါ်မှာတွေ့ခဲ့တဲ့ကောင်မလေးက လွှမ်းရဲ့ညီမလေး။အန်တီနွယ်ရဲ့အမကမွေးတာ လွှမ်းရဲ့တစ်ဦးတည်းသော ညီမလေးနွဲ့တဲ့။"
".........."
"လွှမ်းက ရှေးတစ်ယောက်တည်းကိုဘဲချစ်ခဲ့တယ်ဆိုတာ ကိုယ်အာမခံရဲတယ်။သော်သော်နဲ့ကိစ္စကိုလည်း လွှမ်းဖြေရှင်းပြီးနေပြီ ကိုယ်ဒီအကြောင်းတွေကို ရှေးကိုအစောကြီးကတည်းကပြောပြဖို့ လုပ်ခဲ့တယ်။ရှေးဘက်က အပြောကိုလက်မခံခဲ့ဘူး။"
"အစကတည်းက ဇယားတွေမရှုပ်ခဲ့ရင် ဒီလိုတွေဖြစ်လာစရာအကြောင်းမရှိဘူးလေ။"
"မဟုတ်ဘူးရှေး ကိုယ် လွှမ်းကို ရှေးတို့ပြဿနာဖြစ်တဲ့နောက်ရက်ကစပြီး နောက်ကနေသေချာလိုက်ကြည့်နေခဲ့တာ သူတစ်ကယ်ခံစားနေရတာ။သူ့အချစ်က ရှေးအပေါ်အမှန်တစ်ကယ်ချစ်ရဲ့လားဆိုတာ ကိုယ်သေချာလိုက်ကြည့်နေခဲ့တာ ဒီခြောက်လအတွင်း လွှမ်းအရမ်းပြောင်းလဲသွားခဲ့ပြီ ရှေး။"
စကားတွေတရစပ်ပြောနေတဲ့ ကိုလင်းစကားတွေကို မျက်လုံးတွေမှိတ်ကာနားထောင်နေပေမယ့် ရင်ထဲမှာ ပျော်ရွှင်မှု့ရောဝမ်းနည်းမှု့ရော ဒွန်တွဲနေခဲ့သည်။တစ်ကယ်ပါဘဲ ဘယ်လိုခံစားချက်ကြီးလည်း။
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။