သုတပိုင်တစ်ယောက် အရေးပေါ်ခွဲစိတ်ခန်းဝင်ရမည်ဆိုသောကြောင့် နားနေခန်းကနေ တတိယထပ်ကခွဲစိပ်ခန်းရှိရာသို့ အပြေးအလွှားသွားနေသည်။"ဆရာမ ကျွန်တော့်ကိုကူပါဦး။"
"ဟုတ် ဆရာ။လူနာက သွေးထွက်လွန်နေပြီ။ပြီးတော့ ကလေးကအရမ်းငယ်သေးတယ် အခုထိခိုက်ထားတာ အဆုပ်နားလေးမှာ။"
"ဟုတ်ပြီ ကဲ စလိုက်ကြစို့။"
ခွဲစိတ်ခန်းသုံးဝတ်စုံကို အနားက nurseေတွက ကူဝတ်စေပြီးတာနဲ့ သူကိုယ်တိုင်ဦးဆောင်ကာ ခွဲစိတ်မှု့ကိုစတင်တော့သည်။တစ်ဖက်တွင်...
"ဟို ဆရာမ ဒီဆေးရုံက ဒေါက်တာသုတပိုင်နဲ့တွေ့လို့ရမလားဗျ။"
"အာ ဒေါက်တာကအရေးပေါ်ခွဲစိတ်ရမယ့်လူနာရှိလို့ အခုလေးတင် ခွဲခန်းထဲဝင်သွားပြီ။"
"ဪ ဟုတ်ကဲ့ကျွန်တော်စောင့်လိုက်ပါ့မယ်။"
ကိုလင်းလည်း လက်ထဲကငှက်သိုက်ခြင်းရယ် လီလီပန်းစီးလေးရယ်ကိုင်ကာ ပိုင့်ရဲ့နားနေခန်းဘက်လျှောက်လာပေမယ့် ဦးတည်ချက်ပြောင်းပြီး တတိယထပ်ကိုတက်လာခဲ့လိုက်သည်။
ပိုင်နဲ့မတွေ့ရတာ တစ်ပါတ်ပင်ရှိခဲ့ပြီ။ထိုနေ့ကကိစ္စဖြစ်ပြီးတော့ ကိုလင်းကို အော်ဟစ်နှင်ထုတ်လိုက်ပြီးကတည်းက မတွေ့ဖြစ်တော့ပေ။ဒီနေ့တော့ ပိုင့်ကိုမရရအောင်ချော့မယ်ဆိုပြီး ဆေးရုံကိုလိုက်လာခဲ့သည်။အပြင်ကနေ ပိုင်နဲ့တွေ့ရင်ဘယ်ကစပြီးပြောရမလည်း စဉ်းစားခန်းဝင်နေသလို အထဲကလူကလည်း ခွဲစိတ်မှု့ကိုအမှားအယွင်းမရှိအောင် သေချာဂရုစိုက်နေခဲ့သည်။
"အီး...ဟီး အထဲမှာ ငါ့ညီမလေးအဆင်ပြေရဲ့လားမသိဘူး ချိုဇင်ရယ်။ငါ့ညီမလေးသနားပါတယ် ငါပေါ့ဆမိလို့ ခုလိုဖြစ်ရတာ ဟီး...ရွှတ်။"
"မဟုတ်တာ သီဟရယ် နိုးနိုးလေး အဆင်ပြေမှာပါ။အရမ်းကြီးစိတ်မကောင်းမဖြစ်နဲ့နော် နင်အားတင်းထားမှရမှာလေ ဟာ။"
"ငါ့မှာလေ ငါ့မှာ ဒီညီမလေးတစ်ယောက်ဘဲကျန်တော့တာဟ အမေတို့ကိုကတိပေးထားတာ ညီမလေးကိုစောင့်ရှောက်ပါ့မယ် ဂရုစိုက်ပါ့မယ်ဆိုပြီး ခုတော့ ငါ့ကြောင့် ငါ့ကြောင့် ဟီး..."
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။