ဒီနေ့ကိုကြီးလာမယ်ဆိုသောကြောင့် မီးဖိုခန်းထဲကိုယ်တိုင်ဝင်ကာ ချက်ပြုတ်နေသည်။ကိုယ့်အပေါ်သူ့ကျေးဇူးတွေရှိတာကြောင့် စေတနာသန့်သန့်နဲ့ချက်ကျွေးချင်သည်။"သားလေးရယ် မေမိုးလုပ်ပါ့မယ်ကွယ် ထိုင်နေပါ။"
"မေမိုးရယ် ရှေးက ကိုကြီးအတွက်ချက်ကျွေးချင်လို့ပါနော် နော်လို့။"
ပြောမရတာနဲ့မေမိုးလည်း ရှေးကိုသာကူလုပ်နေလိုက်သည်။ဒီကလေးလေးက အချက်အပြုတ်လည်းကျွမ်းကျင်သားဘဲ။ဘာတွေကြောင့်များ ထွက်ပြေးလာရတာလည်းကောင်လေးရယ်။
"ကဲပြီးပြီ ရှေးရေချိုးလိုက်ဦးမယ်နော် မေမိုး။"
"အေးပါကွယ် ဂရုစိုက်ဦးနော်သားလေး။"
"ဟုတ်"
နာရီကိုကြည့်တော့ဆယ်နာရီခွဲတော့မယ်ဖြစ်တာကြောင့် အမြန်ရေချိုးဖို့ပြင်ဆင်လိုက်သည်။ခဏနေဆို ကိုကြီးရောက်လာတော့မှာလေ။ဒီနေ့ဆေးရုံသွားရမှာ ရင်ခုန်လိုက်တာ။
"ဟင် ကားသံကြားတယ် ကိုကြီးလာပြီထင်တယ်။"
အိမ်ထဲကပြေးထွက်လာပြီး ကားရှိရာကိုသွားလိုက်တော့ မဆုမွန်ကိုပါတွေ့လိုက်ရတာကြောင့် ရှေးမှာအံ့ဩသွားရသည်။မဆုမွန်သိသွားရင် ဟင့်အင်း အဲ့လိုမဖြစ်ဘူးမလား။
သူ(မ)ကိုတွေ့တာနဲ့ စိုးရိမ်မှု့တွေကြီးစိုးကာ မနှုတ်ဆက်တဲ့ရှေးကို သူ(မ)ကဘဲ ပြုံးကာနှုတ်ဆက်ရတော့သည်။"ရှေး အဆင်ပြေရဲ့လား။"
"ဗျာ ဟုတ် ဟုတ်ကဲ့အဆင်ပြေပါတယ်။"
"ကဲ အိမ်ထဲဝင်ကြပါဦးဗျာ ဒီမှာတင်ရပ်မနေကြနဲ့။"
ကိုလင်းကဆော်အောလိုက်မှ သုံးယောက်သားအိမ်ထဲဝင်လာကြသည်။မေမိုးနဲ့ဘဘကြီးကတော့ ခြံထဲဆင်းသွားပြီထင်တယ် အိမ်ထဲမတွေ့တော့ပေ။စိုးရိမ်မှု့တွေများနေတဲ့ဒီကလေးကို ကိုလင်းမှာရှင်းပြရပေဦးမည်။ဒီကလေးက သိပ်စိတ်ပူတက်တာဘဲ။
"ရှေး စိုးရိမ်မနေနဲ့ အစ်မက မင်းကိုစိတ်ပူလို့လိုက်လာတာ။ဘယ်သူ့မှပြန်မပြောဘူး ဟိန်းကိုတောင် လိမ်ထွက်လာခဲ့တာ။"
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။