Part_37🌹

1.9K 48 4
                                    

"ရှေးခေတ်"

"သုတပိုင်"

"ရှေးခေတ်က မန်းလေးလိုက်ချင်တယ်ဆို။"

"ဟုတ်တယ် အမေတို့ကိုလွမ်းလို့ အဝေးကနေဘဲလှမ်းကြည့်ရုံလေးပါ။"

"ဒါဆို ခုတစ်ခါတည်းလိုက်ခဲ့လေ ဟိုရောက်ရင် ကျွန်တော့်အိမ်မှာ တည်းပေါ့။"

ပိုင့်စကားကြောင့် ရှေးခေတ်မှာအံ့ဩသွားရသည်။သူက ကိုကြီးနဲ့ငါ့အပေါ် စိတ်ရှင်းသွားပြီလား။မနေ့ညနေက သုတပိုင်တစ်ယောက်အရမ်းမူးနေလို့ ကိုလင်းကိုယ်တိုင်သွားခေါ်လာရသည်။ဒီမနက်ကို သုတပိုင်နဲ့မတွေ့အောင် ရှေးမှာအစောကြီးထပြီး လုပ်စရာရှိတာတွေလုပ်ကာ ရှောင်နေတာကို သူ့ကိုလာရှာပြီးစကားပြောသူကြောင့် အံ့ဩနေရသည်။

ချစ်သူနှစ်ဦးကိုအတူရှိစေချင်လို့ အလိုက်သိစွာ ရှောင်နေပေးခဲ့တာ။

"ဟို ရပါတယ် ရှေးဘာသာဘဲ..."

"စိတ်မချဘူးရှေး တစ်ခါတည်းလိုက်ခဲ့ အစ်မကလည်းတွေ့ချင်နေတာ။"

အနောက်ကရောက်လာတဲ့ ကိုလင်းစကားကြောင့် ရှေးမှာငြင်းဆန်ခွင့်မရတော့ပေ။ကားလေးကတသိမ့်သိမ့်နဲ့ မန်းလေးဘက်ကိုဦးတည်စွာ မောင်းနှင်လာခဲ့သည်။ဘေးပတ်ဝန်းကျင်က စိမ်းစိမ်းစိုစိုရှုခင်းတွေကိုငေးရင်း တစ်ယောက်သောသူလေးရဲ့ မျက်နှာလေးကိုလည်း တွေ့ချင်မိသည်။

နောက်ဆုံးတော့ မန်းလေးမြို့ထဲရောက်လာခဲ့ပြီ။ကိုလင်းလည်းကားကို ပိုးထည်ဆိုင်ဘက်မောင်းလာခဲ့ပြီး ဆိုင်နဲ့မလှမ်းမကမ်းမှာ ရပ်ထားပေးလိုက်သည်။လာတာစောသေးတော့ ဘယ်သူမှမရောက်ကြသေးပေ။
ခဏနေတော့ အမေတို့ကားလေးရောက်လာခဲ့သည်။မမြင်တာကြာသွားတော့ အမေကပိန်သွားသည်ဟု ရှေးထင်ခဲ့သည်။

မျက်နှာ​ေလးပါ ကျလို့အရင်လိုဘာကြောင့်ပြုံးမနေတာလည်း အမေရယ်။ရှေးကြောင့်များလားဟင်။အဖေကတော့အလုပ်တွေရှုပ်နေတော့မှာအသေအချာဘဲ အခုလည်း ကားနဲ့ချက်ချင်းပြန်ထွက်ရပြန်သည်။ဒါဆို  စက်ရုံသွားတာနေမှာ။ဟင် ဒေါ်လေး ဟုတ်တယ် ဒေါ်လေးဘဲ ဆိုင်ကိုလိုက်လာတာလား။

I will always be here for you(Completed)Where stories live. Discover now