ညစာစားပြီးတော့ ပင်လယ်ဘက်မှာ မိသားစုလိုက်လေညင်းခံရင်းလမ်းလျှောက်နေကြသည်။သားနဲ့သမီးမှာ ခုချိန်ထိ ပျော်လို့မဝသေးပေ။ကလေးနှစ်ယောက်က အရှေ့ကနေပြေးပြေးပြီး ကစားနေကြတာလေးက မြင်ရသူဖို့ သိပ်ကိုချစ်စရာ ကောင်းနေသည်။
"သမီး အရမ်းမပြေးရဘူး ချော်လဲမယ်။သား ညီမလေးလက်ကို သေချာတွဲထားဦး။"
"ဟုတ် ဖေဖေ။"
သား ကအကြီးပီသသည်။သမီးလေးကို ဒီအရွယ်လေးသာရှိကြသေးပေမယ့် ကောင်းကောင်းဂရုစိုက်နိုင်သည်လေ။အခုလည်း ရှေးပြောတာနဲ့ သမီးလေးကိုလက်ဆွဲကာ မောင်နှမနှစ်ယောက် ခြေလှမ်းညီညီနဲ့ လှမ်းလျှောက်နေကြသည်။
"သားတို့ ပျော်ကြရဲ့လား။"
"ဟုတ်ကဲ့ ပျော်ပါတယ်။"
"မင်းတို့အဖေက ငါ့သားတွေပျော်ကြရဲ့လားတဲ့ တစ်နေကုန်ပြောပြောနေတာ ဖြေလိုက်ပါဦးသားတို့ရယ်။"
"ပျော်တာပေါ့ အဖေရာ ကျွန်တော်လိုချင်ခဲ့တာ ဒီလိုပြည့်စုံတဲ့မိသားစုမျိုးလေးလေ။"
"ငါ့သား ပျော်တယ်ဆိုရင် အဖေတို့ဝမ်းသာပါတယ်ကွာ။"
"နောက်တစ်ခါကြရင် ဘုရားဖူးချည်းပဲ သီးသန့်သွားကြမယ်နော်။"
"ရှေးလေး သဘောပါကွယ်။"
အဖေရယ် အမေက တစ်တွဲ ရှေးနဲ့ဒေါ်လေးကတစ်တွဲ လွှမ်းနဲ့အမွှာလေးတွေကတစ်တွဲနဲ့ လမ်းလျှောက်နေကြတာ အချိန်တွေကုန်မှန်းတောင် မသိခဲ့ကြပေ။စကားတွေဖောင်ဖွဲ့ရင်း လျှောက်လာကြတာ အဖေတို့တည်းတဲ့ အခန်းရှေ့တောင် ရောက်လာကြပေါ့။
"အမေနဲ့ ဒေါ်လေးကလေ အေးဆေးမနားကြဘူး။ကလေးတွေကို ရှေးခေါ်ထားပါ့မယ်ဆို။"
"အမလေး သားရယ် အခုက သားတို့ဟန်းနီးမွန်းခရီးလေ သားတို့နှစ်ယောက်သာအေးဆေးနား အမေကတော့ မြေးတွေထည့်မပေးနိုင်ဘူး ။"
"ဟုတ်တယ် ရှေးလေး ။ဒေါ်လေးတို့ ခေါ်ထားပါရစေ သားရယ် အေးဆေးနားကြ။"
အမေနဲ့ဒေါ်လေးက သိပ်ခေါင်းမာတာ။သားတို့ကလည်း အဘွားအေတွေနဲ့ဘဲ ပိုနေချင်သည်လေ။ရှေးဆိုရင် သားရောသမီးရောက ချစ်ကြောက်ရိုသေပင်။
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။