"အမေ ဒီနေ့ရှေးစက်ရုံဘက်သွားမှာ မှာစရာရှိသေးလားအမေ။""အေး သားငယ် မှာစရာတော့မရှိပါဘူး။သားငယ်ဘဲကြည့်လုပ်ခဲ့လိုက်လေ။ဪ အမေ့ကိုတစ်လက်စတည်း အပြန်ကို ဆေးဝင်ဝယ်ခဲ့ပေးလေ။"
"ဟုတ်ကဲ့။"
လုပ်လက်စတွေကို လက်စသတ်ကာ လိုအပ်တာတွေယူပြီး စက်ရုံဘက်ထွက်လာခဲ့သည်။လက်ထပ်ထားတာ ၁လကျော်ပြီဖြစ်တဲ့ အသစ်စက်စက်သားမက်လေးကို ကြည့်ကာပြုံးနေမိသည်။
"နွယ် ဘာတွေပြုံးနေတာလည်း။"
"ဪ ပျော်လို့ပေါ့ သားငယ်လေးကအခုဆို နွယ်တို့သားမက်လေးဖြစ်နေတာကိုလေ။"
"မင်းသားအတွက်စိတ်ချရတာပေါ့ကွာ။လုပ်ငန်းအကြောင်းလည်းနားလည် စေ့စပ်တယ်။လူကြီးသူမလည်း ရိုသေကိုင်းရှိုင်းပြီးသိတက်တယ်။ကိုယ်တို့တွေကံကောင်းတာပေါ့ကွာ။"
"ဟုတ်တာပေါ့ရှင်။"
တူညီဝတ်ဆုံအတွက် တစ်ရောင်တည်းမှာဒူးနားချိတ်လိုင်းတွေကို ခေတ်မှီစက်ကြီးတွေ ပန်းထိုးနေသည့်ဘက် အရင်လျှောက်လာခဲ့သည်။လက်ရာပိုင်းကို အမြဲဂရုတစိုက်နဲ့ သေချာကြည့်တက်သူ။ဝန်ထမ်းတွေမှာ ရှေးလာြပီဆိုရင် ပျော်လည်းပျော်ကြတယ်၊ဂရုလည်းစိုက်ကြသည်။
"အစ်ကိုလေး ဒီနေ့စောလှချည်လား။"
"ဟုတ်ပ ကိုကြည်သာရယ် ရှေးက ဒီနေ့အပ်ပေးရမယ့်အလှူအထည်တွေကို သေချာလာကြည့်တာ ပြီးတော့မှာမလား။"
"ဟုတ်ကဲ့ ပြီးတော့မှာပါ ခဏလေးထိုင်စောင့်ဦးလေ။"
"နေ နေရတယ် ကိုကြည်သာ ရှေးလက်ရာတွေသေချာစစ်ဦးမယ်။"
"ဟုတ်"
ကိုကြည်သာ ကစက်ရုံမန်နေဂျာဖြစ်တာကြောင့် ထမင်းရှင်တွေ စိတ်မပျက်လေရအောင် အလုပ်ကိုအမြဲဂရုတစိုက်နဲ့သေသေချာချာလုပ်တက်သူ လူပျိုကြီးတစ်ယောက်ဖြစ်သည်။မိဘ လုပ်ကျွေးနေသော သားလိမ္မာလေးဆိုလည်းမမှားပေ။
ပြီးသွားပြီ ဖြစ်တဲ့ အထည်တစ်ချို့ယူကာ ဖြန့်ချပြီး အပ်ချက်တွေရဲ့အနေအထား၊ချည်ရဲ့အရည်အသွေး ၊လက်ရာတွေသေသပ်ရဲ့လားဆိုတာ အတည့်ပြောင်းပြန်သေချာကြည့်ပြီး စစ်ဆေးနေသည်။
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။