မနက်ဆယ်နာရီ...ကတိအတိုင်း ဦးဓီပသော်တို့မိသားစု လွှမ်းတို့အိမ်ကိုရောက်လာကြသည်။လွှမ်းကတော့ မရှိပေ တစ်ညလုံးကျုံးဘေးမှာဘဲရှိနေခဲ့သည်။ဧည့်သည်ဆိုသည့်အသိနဲ့ ဧည့်ခန်းမှာနေရာပေးလိုက်သည်။
"ဟို လာရင်းကိစ္စကတော့ ကျွန်တော့်သမီးလုပ်ခဲ့တဲ့အမှားအတွက် လာတောင်းပန်တာပါ။"
ဦးဓီပသော်စကားကို ဦးသီဟလွှမ်းတစ်ယောက်သာ ခေါင်းညိမ့်ပြလာသည်။ဇနီးသည်နဲ့ထွေးမှုံမှာတော့ ခုချိန်ထိမျက်နှာထားတင်းတင်းနဲ့သာထိုင်နေသည်။
"ဒီက ကျွန်တော့သမီးလုပ်ခဲ့တဲ့အရာတွေက လူကြီးမင်းတို့အရှက်သိက္ခာကို ထိခိုက်သလိုဖြသ်သွားတဲ့အတွက် ကျွန်တော်တို့ဘက်ကအနူးအညွှတ်တောင်းပန်ပါတယ်။"
"လုပ်ချင်တာလုပ်ပြီး ဒီလိုတောင်းပန်လို့ရသလား။ရှင်တို့သမီးလုပ်ရပ်ကြောင့် အခုတော့ကျွန်မသားတွေရဲ့အိမ်ထောင်ရေး ပျက်ဆီးသွားပြီသိရဲ့လား။"
စိတ်တိုနေတဲ့ဇနီးသည်ကို ဦးသီဟလည်းမတားရက်ပေ။သူ(မ)ပြောသွားတာလည်း အမှန်တွေဖြစ်တာကြောင့် ငြိမ်နေလိုက်သည်။
"ရှင်တို့ကလွယ်လွယ်လေး ထင်နေတာလား။အခုကြည့်လေ ကျွန်မတို့သားလေးမှာ ဘယ်ဆီရောက်နေမှန်းမသိရဘူး။အဲ့ဒါရှင်တို့သမီးကြောင့် ကျွန်မလုံးဝခွင့်မလွှတ်ဘူး။"
"ဟုတ်ပါတယ် အစ်မရယ် ဟုတ်ပါတယ်။အခုက ကျွန်တော်တို့ဘက်အမှားမို့ လာရောက်တောင်းပန်တာပါ ခွင့်လွှတ်ပေးဖို့လည်း မမျှော်လင့်ရဲပါဘူး။"
"အဟွန်း ရှင်တို့သမီးကိုသေချာဆုံးမထားပါ။နောက်နောင် ကျွန်မသားနဲ့လုံးဝမပက်သတ်ဖို့ပြောထားပါ။"
"ဒီမှာ အန်တီတစ်ဖတ်သက်ကြီးဖိနှိပ်ပြီးမပြောသင့်ပါဘူး။အခုလည်း လာတောင်းပန်နေတာဘဲမလား။"
"မိသော်"
"အန်တီတို့သားနဲ့ ကျွန်မက တွဲဖူးတယ်ဆိုတာအမှန်ဘဲ။"
"တော်လိုက်စမ်း သော်သော်။ငါနင့်ကို ဘယ်တုန်းကမှတွဲတယ်လို့မသတ်မှတ်ခဲ့ဘူး ။"
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။