"ကိုနေလင်း""ယဉ် ဈေးလာဝယ်တာလား။"
"ဟုတ် နောက်လဆိုကျောင်းတွေဖွင့်တော့မှာလေ။"
"ဟုတ်သားဘဲ လိုအပ်တာတွေဝယ်ပြီးပြီလား။"
"ဟုတ် ကိုနေလင်းကိုတွေ့လို့လာနှုတ်ဆက်တာ။"
"ယဉ် အချိန်ရသေးလားဟင် အချိန်ရရင်ကိုယ်တစ်ခုခုလိုက်ကျွေးပါရစေလား။"
"အို မဟုတ်တာ ယဉ် ဧည့်ခံပါရစေရှင်။"
"အာ မဟုတ်တာ ယဉ်ရာ။"
Oceanထဲမှာ ဈေးဝယ်နေရင်း ကိုနေလင်းကိုတွေ့လို့နှုတ်ဆက်ရင်း တစ်ခုခုနဲ့ဧည့်ခံမို့ကို ဒေါက်တာကဘဲဧည့်ခံပါရစေဆိုကာ နှစ်ဦးသားကော်ဖီဆိုင်ထိုင်ဖြစ်ကြသည်။
"ကိုနေလင်းက ဒီကိုဈေးလာဝယ်တာဘဲလား။"
"အင်း စိတ်ပြေလက်ပျောက်လျှောက်ပတ်ကြည့်နေတာ အထွေအထူးတော့မရှိပါဘူး။"
"ဪ ဟုတ်"
"ယဉ်က လွှမ်းတို့နဲ့ဘယ်တုန်းကခင်ကြတာလည်း။"
"ကြာပြီ မေမေ့သူငယ်ချင်းရဲ့သားဆိုပြီးမိတ်ဆက်ပေးဖူးပေမယ့် ရှေးကြောင့်နဲ့သာ အခေါ်အပြောရှိလာတာ။လူချင်းတွေ့ဖူးတာ ပြီးခဲ့တဲ့နှစ်ကမှလေ။"
"ဪ ဟုတ်ပါပြီကော်ဖီတွေအေးကုန်ပြီ သောက်လိုက်ဦးလေ။"
"ဟုတ်"
ထေရာလေးပါး ရောက်တက်ရာရာလေးတွေပြောရင်းကော်ဖီဆိုင်ထဲအချိန်ဖြုန်းနေမိသည်။ယဉ့်ကို ကြင်ကြင်နာနာနဲ့ဂရုစိုက်ပြီးဆက်ဆံပေးလာတဲ့ဒေါက်တာကို ယဉ်ခင်မင်လာသည်။သူနဲ့တွေ့ရင် ယဉ့်ကိုလုံခြုံမှု့ပေးသလို အစ်ကိုတစ်ယောက်လိုအမြဲဂရုစိုက်ပေးလို့ ကျေးဇူးလည်းတင်တယ်။
**********************
လူကသာ ဆိုင်မှာအလုပ်တွေလုပ်နေပေမယ့် စိတ်ကတခြားတစ်ယောက်ဆီရောက်နေတာ လွှမ်းတစ်ယောက်တည်းမဟုတ်။လက်တော့ပ်တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ဟိန်းမှာသူ့အာရုံနဲ့သူပင်။ဆိုင်ကယ်တွေကို ဓာတ်ပုံရိုက်ပြီး photos တွေကိုသူတို့ရဲ့ LHK pageမှာ ပုံတွေတင်ပြီး modelအမျိုးအစားအလိုက်ဈေးနှုန်းကွာခြားပုံတွေ၊အင်ဂျင်ပိုင်းတွေနဲ့တခြားစက်ပိုင်းဆိုင်ရာတွေ အားလုံးကိုဆိုင်ကယ်တစ်စီးခြင်း သေချာရှင်းပြပြီး ပုံတွေတင်ကာ ကြေ ငြာနေတဲ့ကိုလင်းကို လွှမ်းတစ်ယောက် အလုပ်စားပွဲကနေထိုင်ကာ အကဲခတ်နေမိသည်။
YOU ARE READING
I will always be here for you(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။