Part_32🌹

1K 40 2
                                    


"အစ်ကိုရေ ရှေးတို့ဒီနောက်ပိုင်းတွေထပ်မဆုံဖြစ်တော့ဘူးနော်။ရှေး ဒုက္ခရောက်တိုင်း အစ်ကိုကအမြဲကူညီပေးတယ်။နောက်တစ်ခါပြန်တွေ့ရင် ရှေးကိုထားမသွားပါနဲ့တော့ ကျေးဇူးတင်စကားလေးပြောခွင့်ပြုပါ။
ရှေးလေ အစ်ကို့ကိုမြင်ဖူးချင်လိုက်တာ သိလား။ဒါပေမယ့်လှည့်ကြည့်လိုက်တိုင်း အစ်ကို့ကျောပြင်ကိုဘဲမြင်လိုက်ရတယ်။ဪ ပြီးတော့ အစ်ကို့ဘယ်ဘက်လက်ဖျံကမြွေပုံတက်တူးကိုလည်း တွေ့တယ်။အစ်ကို့နာမည်ဘယ်သူလည်းဆိုတာ ရှေးမသိဘူး ဒါပေမယ့် အစ်ကိုက နေရာယူထားနေပြီထင်တယ်။ရှေးလေ အစ်ကို့ကို မမြင်ဖူးပေမယ့် အစ်ကို့ကျောပြင်ကြီးကို အိမ်မက်ထဲထိမြင်နေရတယ်။
ရှေးတစ်ခါမှ မချစ်ဖူးဘူး၊ရင်မခုန်ဖူးဘူး ဒါပေမယ့် အစ်ကို့အကြောင်းကိုတွေးလိုက်မိရင် ရင်တွေခုန်လာတယ်သိလား။အစ်ကို ရှေးက gayတစ်ယောက်လည်းမဟုတ်ဘူး သို့ပေမယ့် အစ်ကို့ကိုချစ်မိနေပြီထင်တယ်။
သတိရတိုင်း အစ်ကို့ဂျာကင်လေးနဲ့ပုဝါအဖြူလေးကိုထုတ်ထုတ်ကြည့်မိတယ်။ပြန်တွေ့ခဲ့ရင် ပုဝါလေးတော့ရှေးယူထားပါရစေ။အမှတ်တရပေါ့ အစ်ကို့ကို ရှေးချစ်နေရရင်ကိုနေပျော်ပါပြီ ရှေးအစ်ကို့အပေါ် မရိုးသားခဲ့တာကို ဘယ်တော့မှအစ်ကိုသိအောင်ထုတ်မပြတော့ဘူး။ဘာလို့ဆို ရှေးကိုအထင်သေးမှာ ကြောက်လို့
အစ်ကို့မျက်နှာလေးကို တစ်ခါလောက်တွေ့ဖူးချင်လိုက်တာ။"

"ခင်ဗျားက ယဉ်စကိုချစ်နေတာလား။ကောင်းပါတယ် ယဉ်စကမိန်းမကောင်းလေးတစ်ယောက်ပါ။ခင်ဗျားနဲ့လိုက်ဖက်ပါတယ် ခင်ဗျားလိမ္မာအောင် ရှေးဂရုစိုက်ပေးပါ့မယ်။"

"ဒီတစ်ခေါက် ခင်ဗျားခရီးထွက်သွားတာကြာလိုက်တာဗျာ။ခရီးတွေဆက်တိုက်ထွက်နေပြီး အိမ်ပြန်မလာတာငါးနှစ်တောင်ကြာခဲ့ပြီ။ဘာလဲဗျာ လူကိုချစ်တယ်ပြောပြီး အဲ့နေ့ကဘဲခင်ဗျားထွက်သွားခဲ့တာ ယနေ့အချိန်ထိဘဲ။ခင်ဗျား အချစ်ကဘယ်လိုများလည်းဗျာ..."

"ခင်ဗျားကိုမယုံရဲဘူး။ခင်ဗျားက သိပ်အတ္တကြီးတာ ရှေးကိုအနိုင်လိုချင်ယုံသက်သက်နဲ့တော့ လက်ထပ်ဖို့ထိမစွန့်စားပါနဲ့ ကိုလွှမ်းရယ်..."

I will always be here for you(Completed)Where stories live. Discover now